ကောရိန္တုဩဝါဒစာဒုတိယစောင် 12:16
ငါသည်သင်တို့အားဝန်မလေးစေခဲ့ကြောင်း ကိုသင်တို့ဝန်ခံကြလိမ့်မည်။ သို့ရာတွင်ငါသည် ပရိယာယ်ဖြင့်သင်တို့အားလိမ်လည်လှည့်စား ခဲ့သည်ဟုတစ်စုံတစ်ယောက်ကစွပ်စွဲလိမ့်မည်။-
Common Language Bible
In The King James Version
But be it so, I did not burden you: nevertheless, being crafty, I caught you with guile.
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 12
Cross References
2 Corinthians 1:12ငါတို့သြတ္တပ္ပစိတ်ထောက်ခံ၍ဂုဏ်ယူဝါ ကြွားစရာတစ်ခုကား ဤလောက၌အသက် ရှင်စဉ်ကာလအထူးသဖြင့် သင်တို့နှင့် ဆက်ဆံရာတွင်လူ၏အသိဉာဏ်ကိုအမှီ မပြုဘဲ ဘုရားသခင်၏ကျေးဇူးတော် တန်ခိုးကိုသာလျှင်အမှီပြု၍ ငါတို့သည် ဘုရားသခင်ပေးသနားတော်မူသော စိတ်ရိုးသဘောရိုးဖြင့် ပွင့်လင်းစွာပြုမူ ကျင့်ကြံခြင်းပင်ဖြစ်၏။-
2 Corinthians 7:2ငါတို့အားသင်တို့စိတ်နှလုံးကိုဖွင့်ထားကြ လော့။ ငါတို့သည်အဘယ်သူ့ကိုမျှမပြစ်မှားခဲ့။ မည်သူ့ကိုမျှအကျိုးနည်းအောင်မပြုခဲ့။ မည်သူ့အပေါ်တွင်မျှအခွင့်ကောင်းကိုမယူခဲ့။-
2 Corinthians 11:9ထို့အပြင်ငါသည်သင်တို့ထံ၌ရှိနေစဉ်ကြေး ငွေလိုအပ်ချိန်၌သင်တို့အားဒုက္ခမပေးခဲ့။ မာ ကေဒေါနိပြည်မှလာကြသည့်ညီအစ်ကိုများ ကငါလိုသမျှကိုယူဆောင်လာကြ၏။ ငါ သည်မိမိ၏အတွက်မည်သို့မျှသင်တို့အား ဝန်မလေးစေခဲ့။ နောင်ကိုလည်းဝန်လေးစေမည် မဟုတ်။-
1 Thessalonians 2:3သင်တို့အားငါတို့၏ဟောပြောတိုက်တွန်း ချက်သည်အမှားအယွင်းအပေါ်၌သော် လည်းကောင်း၊ မသမာသောရည်ရွယ်ချက် အပေါ်၌သော်လည်းကောင်း၊ မူတည်သည် မဟုတ်။ ငါတို့သည်မည်သူ့ကိုမျှလည်း လိမ်လည်လှည့်စားရန်မကြိုးစား။-
1 Peter 2:3ကျမ်းစာတော်က``ထာဝရဘုရားသည် သနားကြင်နာတော်မူတတ်ကြောင်းကို သင်တို့ကိုယ်တိုင်သိရှိကြ၏'' ဟုဆိုသည် နှင့်အညီဖြစ်၏။