ကောရိန္တုဩဝါဒစာဒုတိယစောင် 12:6
ငါကြွားဝါလိုပါမူသူရူးဖြစ်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ငါသည်ဟုတ်မှန်သည့် စကားကိုသာပြောဆိုခြင်းဖြစ်မည်။ သို့သော် အဘယ်သူမျှမိမိကိုယ်တိုင်မြင်ရကြား ရသည်ထက်ပို၍ ငါ့အားအထင်မကြီး စေလိုသဖြင့်ငါသည်ကြွားဝါလိမ့်မည် မဟုတ်။
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 12
Cross References
Romans 9:1ငါသည်ခရစ်တော်၏တပည့်ဖြစ်၍မှန် သောစကားကိုယခုငါပြော၏။ လိမ်လည် ၍မပြော။ ငါသည်မှန်သောစကားကိုပြော ကြောင်းသန့်ရှင်းသောဝိညာဉ်တော်၏အုပ်စိုး မှုကိုခံသောငါ၏သြတ္တပ္ပစိတ်ကလည်း သက်သေခံ၏။-
1 Corinthians 3:9ငါတို့သည်ဘုရားသခင်၏ထံတော်၌အလုပ် လုပ်သောလုပ်ဖော်ကိုင်ဘက်ဖြစ်ကြ၏။ သင်တို့ သည်ကားဘုရားသခင်၏ဥယျာဉ်တော်ဖြစ်၏။ သင်တို့သည်ဘုရားသခင်၏ကျောင်းတော်တိုက် လည်းဖြစ်၏။-
2 Corinthians 5:13ငါတို့သည်ရူးသွပ်လေပြီလော။ ရူးသွပ်လျှင် ဘုရားသခင်အဖို့ဖြစ်၏။ အကယ်၍မရူး မသွပ်လျှင်လည်းသင်တို့အဖို့ဖြစ်၏။-
2 Corinthians 11:16တစ်ဖန်ငါဆိုသည်ကားငါ့အားလူမိုက်ဟု အဘယ်သူမျှမထင်မမှတ်စေနှင့်။ သို့ရာတွင် သင်တို့ထင်မှတ်ကြလျှင်လည်းလူမိုက်အဖြစ် ဖြင့်ပင်ငါ့အားလက်ခံကြလော့။ သို့မှသာ လျှင်ငါ့မှာကြွားဝါစရာအခွင့်အနည်း ငယ်ရရှိနိုင်ပေမည်။-
2 Corinthians 12:7ငါမြင်ရသည့်အံ့သြဖွယ်ရူပါရုံများ ကြောင့်ငါ့ကိုယ်ကိုအထင်မကြီးစေရန်ငါ သည်မိမိကိုယ်ခန္ဓာတွင်နာကျင်သော ဝေဒနာကိုခံစားနေရ၏။ ထိုဝေဒနာ သည်စာတန်၏စေတမန်သဖွယ်ငါ့ကို ဒဏ်ခတ်၍ငါ၏မာန်မာနကိုချိုးနှိမ်၏။-