ကောရိန္တုဩဝါဒစာဒုတိယစောင် 12:7
ငါမြင်ရသည့်အံ့သြဖွယ်ရူပါရုံများ ကြောင့်ငါ့ကိုယ်ကိုအထင်မကြီးစေရန်ငါ သည်မိမိကိုယ်ခန္ဓာတွင်နာကျင်သော ဝေဒနာကိုခံစားနေရ၏။ ထိုဝေဒနာ သည်စာတန်၏စေတမန်သဖွယ်ငါ့ကို ဒဏ်ခတ်၍ငါ၏မာန်မာနကိုချိုးနှိမ်၏။-
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 12
Cross References
Genesis 32:25ထိုသူသည်မနိုင်မှန်းသိသောအခါယာကုပ် ၏တင်ပါးကိုထိုးသဖြင့်အဆစ်ပြုတ်လေ၏။-
Numbers 33:55သင်တို့သည်ထိုပြည်သားတို့ကိုမနှင်ထုတ် လျှင် ကျန်ရှိနေသောသူတို့သည်ဆူးငြောင့် သဖွယ်ဖြစ်၍သင်တို့ကိုရန်မူကြလိမ့်မည်။-
Deuteronomy 17:20ဤနည်းအားဖြင့်သူသည်မိမိ၏အမျိုးသား ချင်းတို့ထက် သာသည်ဟူ၍မာနထောင်လွှား သောစိတ်ရှိမည်မဟုတ်။ ထာဝရဘုရား၏ အမိန့်တော်များကိုလည်းလွန်ဆန်မည်မဟုတ်။ ထိုအခါသူနှင့်သူ၏အဆက်အနွယ်တို့ သည် ဣသရေလနိုင်ငံကိုအဋ္ဌွန့်ရှည်စွာ အုပ်စိုးရကြလိမ့်မည်။''
2 Chronicles 26:16သို့သော်သြဇိမင်းသည်တန်ခိုးကြီးလာသော အခါ မာန်မာနလည်းထောင်လွှားလာသဖြင့် အကျိုးနည်းရလေသည်။ သူသည်ဗိမာန်တော် သို့ဝင်၍နံ့သာပေါင်းကို သက်ဆိုင်ရာယဇ်ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ခြင်းအားဖြင့် မိမိ၏ ဘုရားသခင်ထာဝရဘုရားအားပြစ်မှား၏။-
2 Chronicles 32:31တိုင်းပြည်တွင်ဖြစ်ပွားခဲ့သောအံ့ဖွယ်အမှု ကိုစုံစမ်းရန်ဗာဗုလုန်သံတမန်များလာ ရောက်ချိန်၌ပင်လျှင် ဘုရားသခင်သည်ဟေ ဇကိ၏သဘောကိုစမ်းသပ်သိရှိနိုင်ရန်သူ ပြုလိုသည့်အတိုင်းပြုနိုင်ခွင့်ကိုပေးတော် မူ၏။
Ezekiel 28:24ထာဝရဘုရားက``ဣသရေလအမျိုးသားတို့ အားမထီမဲ့မြင်ပြုသောပတ်ဝန်းကျင်ရှိလူမျိုး တို့သည် နောက်တစ်ဖန်နာကျင်စွာစူးသောငြောင့် သဖွယ်မဖြစ်ရ။ ငါသည်အရှင်ထာဝရ ဘုရားဖြစ်တော်မူကြောင်းကိုသူတို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။