ကောရိန္တုဩဝါဒစာဒုတိယစောင် 3:14
ဣသရေလအမျိုးသားတို့၏စိတ်နှလုံးသည် ထိုင်းမှိုင်းလျက်ရှိခဲ့၏။ ယနေ့တိုင်အောင်ပင်လျှင် ပဋိညာဉ်တရားဟောင်းကိုဖတ်သည့်အခါတိုင်း သူတို့စိတ်နှလုံးသည်ယင်းပဝါဖြင့်ဖုံးအုပ် လျက်ရှိ၏။ ခရစ်တော်အားဖြင့်သာလျှင်ယင်း ပဝါကိုပယ်ရှားရ၏။-
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 3
Cross References
Psalms 69:23သူတို့သည်မမြင်နိုင်ကြစေရန်သူတို့၏ မျက်စိကို ကွယ်စေတော်မူပါ။ သူတို့၏ခါးများကိုလည်းအစဉ်အမြဲ ချိနဲ့စေတော်မူပါ။
Isaiah 25:7ထိုအရပ်တွင်ကိုယ်တော်သည်အုံ့မှိုင်းလျက်ရှိ နေသည့်ဝမ်းနည်းဖွယ်မိုးတိမ်လွှာကို လူမျိုး တကာတို့အပေါ်မှဖယ်ရှားတော်မူလိမ့်မည်။-
Isaiah 42:18ထာဝရဘုရားက ``အချင်းနားဆွံ့သူတို့နားထောင်ကြလော့။ အချင်းမျက်မမြင်တို့သေချာစွာကြည့်ကြလော့။
Isaiah 56:10ကိုယ်တော်က``ငါ၏လူမျိုးတော်အားကြိုတင် သတိပေးသင့်သူများဖြစ်သည့်ခေါင်းဆောင် တို့သည်မျက်စိကန်းလျက်နေကြ၏။ သူတို့ သည်အဘယ်အရာကိုမျှမသိ။ မဟောင်တတ် သည့်အိမ်စောင့်ခွေးများနှင့်တူကြ၏။ သူတို့ သည်လဲလျောင်းကာအိပ်မက်ဝင်လျက်သာ နေတတ်ကြ၏။ သူတို့သည်အလွန်အအိပ် မက်သူများဖြစ်ပါသည်တကား။-
Jeremiah 5:21မျက်စိရှိလျက်နှင့်မမြင်နိုင်၊ နားရှိလျက်နှင့်မကြားနိုင်သူ၊ အချင်းမိုက်မဲထုံထိုင်းသောလူတို့၊ နားထောင်ကြလော့။-
Matthew 6:23သို့ရာတွင်သင်တို့၏မျက်စိမွဲလျှင်မူကားကိုယ် ခန္ဓာတစ်ခုလုံးမှောင်လိမ့်မည်။ သို့ဖြစ်၍သင်တို့ တွင်ရှိသောအလင်းသည်အမှောင်ဖြစ်လျှင်ထို အမှောင်သည်လွန်စွာမှောင်လိမ့်မည်။