ယေရမိအနာဂတ္တိကျမ်း 5:21
မျက်စိရှိလျက်နှင့်မမြင်နိုင်၊ နားရှိလျက်နှင့်မကြားနိုင်သူ၊ အချင်းမိုက်မဲထုံထိုင်းသောလူတို့၊ နားထောင်ကြလော့။-
Common Language Bible
In The King James Version
In Context
20ထာဝရဘုရားက``ယာကုပ်၏သားမြေး ယုဒပြည်သူတို့အားပြောကြားလော့။-
Read all of ယေရမိအနာဂတ္တိကျမ်း 5
Cross References
Deuteronomy 29:3သင်တို့သည်ကြောက်မက်ဖွယ်သောကပ် ရောဂါများနှင့် ထာဝရဘုရားပြတော် မူသောအံ့သြဖွယ်ရာတန်ခိုးနိမိတ်လက္ခ ဏာတော်များကိုလည်းမြင်ခဲ့ရကြသည်။-
Deuteronomy 32:6မိုက်မဲ၍အသိတရားကင်းမဲ့သောလူမျိုး၊ ထာဝရဘုရားကို ဤကဲ့သို့ကျေးဇူးဆပ်သင့်သလော။ ကိုယ်တော်သည်သင်တို့ကိုဖန်ဆင်းသောအရှင်၊ သင်တို့၏အဖဖြစ်တော်မူ၏။ သင်တို့အားလူမျိုးတစ်မျိုးအဖြစ် ပေါ်ထွန်းစေတော်မူ၏။
Proverbs 17:16မိုက်သောသူသည် ပညာကိုအလိုမရှိသည် ဖြစ် ၍၊ ပညာအဘိုးကို အဘယ်ကြောင့် သူ၌အပ်ရသနည်း။
Isaiah 27:11သစ်ပင်များမှအကိုင်းအခက်တို့သည်ကျိုး ကျခြောက်သွေ့လျက်ရှိသဖြင့် အမျိုးသမီး များသည်လာ၍ထင်းခွေကြလေသည်။ လူတို့ သည်အသိတရားမရှိကြသဖြင့် သူတို့၏ ဖန်ဆင်းတော်မူရှင်ဘုရားသခင်သည်သူတို့ အားသနားကြင်နာကရုဏာထားတော်မူ လိမ့်မည်မဟုတ်။
Jeremiah 4:22ထာဝရဘုရားက``ငါ၏လူမျိုးတော်သည် မိုက်မဲထုံထိုင်းကြ၏။ သူတို့သည်ငါ့ကိုမသိ ကြ။ သူတို့သည်ကလေးမိုက်များနှင့်တူ၏။ သူတို့တွင်အသိပညာမရှိ။ သူတို့သည်ဒုစရိုက်ပြုရာတွင် ကျွမ်းကျင်ကြသော်လည်းသုစရိုက်ကိုမူ မပြုတတ်ကြ'' ဟုမိန့်တော်မူ၏။
Jeremiah 7:13သင်တို့သည်အထက်ကငါဖော်ပြခဲ့သည့် အပြစ်အပေါင်းကိုကူးလွန်ကြလေပြီ။ အကြိမ်ကြိမ်အဖန်ဖန်ငါပြောသော်လည်း သင်တို့နားမထောင်ကြ။ သင်တို့အားငါ ခေါ်သောအခါ၌မထူးကြ။-