ကောရိန္တုဩဝါဒစာဒုတိယစောင် 5:15
ကိုယ်တော်သည်လူအပေါင်းတို့အတွက် အသေခံခြင်းမှာလူတို့သည်အသက်ရှင်စဉ် ကိုယ်ကျိုးအတွက်ဆက်လက်၍အသက်မရှင် ကြတော့ဘဲ မိမိတို့အတွက်အသက်ကိုစွန့် တော်မူပြီးနောက်သေခြင်းမှရှင်ပြန်ထမြောက် တော်မူသောအရှင်၏အဖို့အသက်ရှင်ကြ စေရန်ဖြစ်ပေသည်။
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 5
Cross References
Ezekiel 16:6``ထိုနောက်ငါသည်သင်၏အနီးမှဖြတ် သွားစဉ်သွေးထဲ၌ သင်လူးလျက်နေသည် ကိုမြင်ရ၏။ သင်သည်သွေးအလူးလူး နှင့်ဖြစ်နေစေကာမူငါသည်သင့်အား အသက်မသေစေခဲ့။-
Ezekiel 37:14ငါသည်ငါ၏ဝိညာဉ်တော်ကိုသူတို့အား ပေးသွင်း၍ သူတို့အားအသက်ပြန်၍ရှင် လာစေပြီးလျှင် မိမိတို့ကိုယ်ပိုင်ပြည်တွင် နေထိုင်စေမည်။ ထိုအခါငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိရှိ ကြလိမ့်မည်။ ငါသည်ဤအမှုကိုပြု မည်ဟုကတိထားတော်မူပြီ။ ဤကား ငါထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Zechariah 10:9ငါသည်သူတို့အားလူမျိုးတကာတို့ထံသို့ ပျံ့လွင့်စေခဲ့သော်လည်း၊ ထိုဝေးလံရာအရပ်များမှသူတို့သည်ငါ့ကို အောက်မေ့သတိရကြလိမ့်မည်။ သူတို့နှင့်သူတို့သားသမီးများသည် အသက်မသေဘဲ ကျန်ရစ်ကာမိမိတို့ပြည်သို့ပြန်လာကြ လိမ့်မည်။
John 6:57အသက်ရှင်တော်မူသောခမည်းတော်သည်ငါ့ကို စေလွှတ်တော်မူ၏။ ငါသည်လည်းခမည်းတော် ကြောင့်အသက်ရှင်သည်နည်းတူ ငါ့အသား ကိုစားသောသူသည်လည်းငါ့ကြောင့်အသက် ရှင်လိမ့်မည်။-
Romans 6:6ငါတို့၏ဇာတိစိတ်ဟောင်းကိုခရစ်တော်နှင့် အတူ လက်ဝါးကပ်တိုင်တွင်အသေသတ်ခြင်း ခံစေခဲ့၏။ ဤသို့အသေသတ်ခြင်းခံစေရ ခြင်းမှာအပြစ်နှင့်ပြည့်ဝသည့်ဇာတိစိတ် ကိုဖျက်ဆီးခြင်းအားဖြင့် ငါတို့သည်အပြစ် ၏ကျွန်ဘဝမှလွတ်မြောက်ကြစေရန်ပင် ဖြစ်ကြောင်းငါတို့သိကြ၏။-