ကောရိန္တုဩဝါဒစာဒုတိယစောင် 6:16
ဘုရားသခင်၏ဗိမာန်တော်သည်ရုပ်တုများ နှင့်မည်သို့သဘောတူညီချက်ရှိနိုင်ပါအံ့ နည်း။ ငါတို့သည်အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။ ဘုရားသခင်က၊ ``ငါသည်ငါ၏လူစုတော်တွင်ကျိန်းဝပ်မည်။ သူတို့ထံတွင်စံတော်မူမည်။ ငါသည်သူတို့၏ဘုရားဖြစ်၍သူတို့သည် လည်း ငါ၏လူစုတော်ဖြစ်လိမ့်မည်''
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 6
Cross References
Exodus 20:3``ငါမှလွဲ၍ အခြားသောဘုရားကိုမကိုး ကွယ်ရ။
Exodus 29:45ငါသည်ဣသရေလအမျိုးသားတို့နှင့် အတူနေ၍၊ သူတို့၏ဘုရားဖြစ်တော်မူမည်။-
Leviticus 26:12ငါသည်သင်တို့နှင့်အတူရှိမည်။ ငါသည်သင် တို့၏ဘုရားသခင်ဖြစ်၍ သင်တို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်လိမ့်မည်။-
Deuteronomy 5:7`` `ငါမှတစ်ပါးအခြားသောဘုရားကို မကိုးကွယ်နှင့်။-
Joshua 24:14ယောရှုကဆက်လက်၍``ယခုသင်တို့သည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ ကိုယ် တော်၏အမှုတော်ကိုစိတ်ထက်သန်စွာသစ္စာ ဖြင့်ဆောင်ရွက်ကြလော့။ မက်ဆိုပိုတေးမီးယား ပြည်နှင့်အီဂျစ်ပြည်တွင်သင်တို့၏ဘိုးဘေး များကိုးကွယ်ခဲ့သောဘုရားများကိုစွန့်ပယ် ၍ထာဝရဘုရားကိုသာကိုးကွယ်ကြလော့။-
1 Kings 18:21ဧလိယသည်ထိုလူတို့ထံသို့ချဉ်းကပ်၍``သင် တို့သည်အဘယ်မျှကြာအောင်စိတ်ဇဝေဇဝါ ရှိနေကြပါမည်နည်း။ ထာဝရဘုရားသည် ဘုရားအမှန်ဖြစ်လျှင် ကိုယ်တော်အားဝတ်ပြု ကိုးကွယ်ကြလော့။ ဗာလသည်ဘုရားအမှန် ဖြစ်လျှင်မူကားသူ့အားဝတ်ပြုကိုးကွယ် ကြလော့'' ဟုဆို၏။ သို့ရာတွင်လူတို့သည် မည်သို့မျှပြန်၍မပြောကြ။-