ကောရိန္တုဩဝါဒစာဒုတိယစောင် 6:17
သို့ဖြစ်၍ထာဝရဘုရားက၊ ``ထိုသူတို့အထဲမှထွက်ခဲ့ကြလော့။ သူတို့နှင့်မပေါင်းမဖော်ကြနှင့်။ မသန့်စင်သည့်အရာကိုလက်နှင့်မျှ မပတ်သက်နှင့်။ သို့ပြုလျှင်ငါသည်သင်တို့ကိုလက်ခံမည်။
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 6
Cross References
Numbers 16:26သူသည်လူအပေါင်းတို့အား``ဤဆိုးယုတ် သောသူတို့၏တဲများနှင့်ဝေးဝေးခွာနေ ကြလော့။ သူတို့နှင့်ဆိုင်သောပစ္စည်းတစ်စုံ တစ်ခုကိုမျှလက်ဖြင့်မထိကြနှင့်။ ငါ ၏စကားကိုနားမထောင်လျှင်သင်တို့ သည်သူတို့၏အပြစ်ကြောင့် သူတို့နှင့် အတူပျက်စီးကြရလိမ့်မည်'' ဟု သတိပေးလေ၏။-
Deuteronomy 14:6ခွာကွဲ၍စားမြုံ့ပြန်တတ်သောတိရစ္ဆာန်များ ဖြစ်၏။-
Ezra 10:11သို့ဖြစ်၍သင်တို့အပြစ်ကို သင်တို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားအား ဖော်ပြဝန်ခံပြီးလျှင် ကိုယ်တော်နှစ်သက်တော် မူသည့်အမှုကိုပြုကြလော့။ ငါတို့ပြည် တွင်သင်တို့နှင့်အတူ နေထိုင်ကြသူလူမျိုး ခြားတို့နှင့်လည်းကောင်း၊ သင်တို့၏လူမျိုး ခြားဇနီးများနှင့်လည်းကောင်းခွဲခွာ ကြလော့'' ဟုဆို၏။
Proverbs 9:6မိုက်သောသူကို ရှောင်၍ အသက်ချမ်း သာရ လော့။ ပညာလမ်းသို့လိုက်လော့ဟုဆိုသတည်း။
Jeremiah 51:6ဗာဗုလုန်မြို့မှထွက်ပြေးကြလော့။ သင်တို့ သည်အသက်ဘေးမှလွတ်မြောက်ရန်ထွက် ပြေးလော့။ ဗာဗုလုန်အပြစ်ကြောင့်အသေ မခံကြနှင့်။ ယခုငါသည်ဗာဗုလုန်မြို့ အာခံသည့်အပြစ်ဒဏ်အတွက်လက်စား ချေလျက်ရှိ၏။-
Acts 2:40ပေတရုသည်ဤမျှသာမကအခြားတရား စကားများအားဖြင့်လည်းတိုက်တွန်းဟောပြော ၏။ ``သင်တို့သည်မိမိတို့ကိုယ်ကိုဤဆိုးယုတ် သောလူတို့ခံကြရမည့်အပြစ်ဒဏ်မှကင်း လွတ်စေကြလော့'' ဟုထိုသူတို့အားတိုက် တွန်း၏။-