ကောရိန္တုဩဝါဒစာဒုတိယစောင် 8:10
ယမန်နှစ်ကသင်တို့အစပြုသည့်အမှုကို ယခုအဆုံးသတ်သင့်ကြသည်ဟုငါထင် မြင်၏။ သင်တို့သည်စေတနာနှင့်ပေးလှူမှု ကိုအစပြုခဲ့ပေသည်။-
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 8
Cross References
Matthew 10:42အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ၏တပည့်များအနက်အသိမ်ငယ်ဆုံးသူ တစ်စုံတစ်ယောက်အား ငါ၏မျက်နှာကိုထောက် ၍သောက်ရေတစ်ခွက်ကိုပေးသောသူသည်အကျိုး ကိုမခံစားဘဲမနေရ။''
John 16:7သို့သော်သင်တို့အားငါအမှန်အကန်ပြော သည်ကား ငါသွားရခြင်းသည်သင်တို့အဖို့ ပို၍ကောင်း၏။ ငါမသွားလျှင်မစတော်မူ သောအရှင်သည်ကြွလာတော်မူမည်မဟုတ်။ ငါသွားလျှင်မူကားထိုအရှင်ကိုသင်တို့ ထံသို့ငါစေလွှတ်မည်။-
1 Corinthians 6:12သင်တို့က``ငါတို့သည်အဘယ်အမှုကိုမဆို ပြုနိုင်ခွင့်ရှိ၏'' ဟုဆိုကြလိမ့်မည်။ သင်တို့ ဆိုသည်အတိုင်းမှန်ပေ၏။ သို့သော်အရာ ခပ်သိမ်းသည် သင်တို့အဖို့အကျိုးမရှိနိုင်။ ငါသည်အဘယ်အမှုကိုမဆိုပြုပိုင်ခွင့် ရှိသည်ဟုဆိုနိုင်သော်လည်း အဘယ်အမှု ကမျှငါ့အား၎င်း၏ကျွန်ဖြစ်စေရန်ငါ အခွင့်ပေးလိမ့်မည်မဟုတ်။-
1 Corinthians 7:40အကယ်၍ထိုအမျိုးသမီးသည်အိမ်ထောင်မပြု ဘဲနေပါက သာ၍မင်္ဂလာရှိ၏။ ဤကားငါ၏ ထင်မြင်ယူဆချက်ဖြစ်၏။ ငါသည်လည်းဘုရား သခင်၏ဝိညာဉ်တော်ကိုခံယူရရှိသူဖြစ် သည်ဟုယုံကြည်၏။
1 Corinthians 16:2ငါရောက်ရှိလာသောအခါအလှူငွေကောက်ခံဖို့ မလိုစေရန် တနင်္ဂနွေနေ့တိုင်းသင်တို့တစ်ဦးစီ သည် မိမိ၏ဝင်ငွေနည်းများအလိုက်လှူဒါန်းရန် စုဆောင်းထားကြလော့။-
2 Corinthians 9:2သင်တို့ကူညီထောက်ပံ့ရန်စိတ်စေတနာ ထက်သန်ကြသည်ကိုငါသိ၏။ သို့ဖြစ်၍သင် တို့အကြောင်းကိုမာကေဒေါနိပြည်သား တို့အားငါကြွားဝါခဲ့၏။ ``အခါယပြည် ရှိညီအစ်ကိုတို့သည်ယမန်နှစ်ကပင်လျှင် ပေးလှူရန်အသင့်ရှိကြ၏'' ဟုသူတို့အား ငါပြောကြားခဲ့၏။ သင်တို့၏စိတ်စေတနာ ထက်သန်မှုကြောင့်ထိုသူတို့အားလုံးလို လိုပင်စိတ်အားတက်ကြွလာပေပြီ။-