The Bible Software
bible.software › ကောရိန္တုဩဝါဒစာပထမစောင် › ကောရိန္တုဩဝါဒစာပထမစောင် 6 › ကောရိန္တုဩဝါဒစာပထမစောင် 6:12

ကောရိန္တုဩဝါဒစာပထမစောင် 6:12

သင်​တို့​က``ငါ​တို့​သည်​အ​ဘယ်​အ​မှု​ကို​မ​ဆို ပြု​နိုင်​ခွင့်​ရှိ​၏'' ဟု​ဆို​ကြ​လိမ့်​မည်။ သင်​တို့ ဆို​သည်​အ​တိုင်း​မှန်​ပေ​၏။ သို့​သော်​အ​ရာ ခပ်​သိမ်း​သည် သင်​တို့​အ​ဖို့​အ​ကျိုး​မ​ရှိ​နိုင်။ ငါ​သည်​အ​ဘယ်​အ​မှု​ကို​မ​ဆို​ပြု​ပိုင်​ခွင့် ရှိ​သည်​ဟု​ဆို​နိုင်​သော်​လည်း အ​ဘယ်​အ​မှု က​မျှ​ငါ့​အား​၎င်း​၏​ကျွန်​ဖြစ်​စေ​ရန်​ငါ အ​ခွင့်​ပေး​လိမ့်​မည်​မ​ဟုတ်။-

Common Language Bible

In The King James Version

All things are lawful unto me, but all things are not expedient: all things are lawful for me, but I will not be brought under the power of any.

In Context

11ယ​ခင်​က​သင်​တို့​တွင်​အ​ချို့​သော​သူ​တို့​သည် ထို​သို့​ဆိုး​ယုတ်​သူ​များ​ဖြစ်​ခဲ့​သော်​လည်း အ​ပြစ်​မှ​ဆေး​ကြော​သုတ်​သင်​ခြင်း​ကို​ခံ ကြ​ရ​ပြီ။ ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​သူ များ​ဖြစ်​ကြ​ပြီ။ အ​ရှင်​ယေ​ရှု​ခ​ရစ်​အား ဖြင့်​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​အား​ဖြင့်​လည်း​ကောင်း သင်​တို့ သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် ခွင့်​ကို​ရ​ရှိ​ကြ​ပြီ။

13``အ​စား​အ​စာ​သည်​ဝမ်း​အ​တွက်​ဖြစ်​၏။ ဝမ်း သည်​လည်း​အ​စား​အ​စာ​အ​တွက်​ဖြစ်​၏'' ဟု သင်​တို့​ဆို​လိမ့်​မည်။ ဤ​စ​ကား​သည်​မှန်​ပေ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ထို​အ​ရာ​နှစ်​ခု လုံး​ကို​ဖျက်​ဆီး​ပစ်​တော်​မူ​လိမ့်​မည်။ ကိုယ်​ခန္ဓာ သည်​ကာ​မ​ဂုဏ်​လိုက်​စား​ရန်​အ​တွက်​မ​ဟုတ်။ သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​ရန် အ​တွက်​ဖြစ်​၏။ ဘု​ရား​သ​ခင်​သည်​လည်း​ကိုယ် ခန္ဓာ​လို​အပ်​သည်​များ​ကို​ချ​ပေး​တော်​မူ​၏။-

Read all of ကောရိန္တုဩဝါဒစာပထမစောင် 6

Cross References

Romans 7:14ပ​ညတ်​တ​ရား​သည်​ဝိ​ညာဉ်​ရေး​နှင့်​ဆိုင်​ကြောင်း ငါ​တို့​သိ​ကြ​၏။ သို့​ရာ​တွင်​ငါ​သည်​အ​ပြစ် တ​ရား​၏​ကျွန်​ဖြစ်​သည့်​လူ​သား​ဖြစ်​၏။-

1 Corinthians 8:4ထို့​ကြောင့်​ရုပ်​တု​ကို​ပူ​ဇော်​သည့်​အ​စား​အ​စာ နှင့်​ပတ်​သက်​၍​ပြော​ရ​သော် ရုပ်​တု​ဟူ​သည်​မှာ သက်​ရှင်​လှုပ်​ရှား​မှု​မ​ရှိ​ကြောင်း​ကို​လည်း ကောင်း၊ တစ်​ဆူ​တည်း​သော​ဘု​ရား​မှ​တစ်​ပါး အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း ငါ​တို့​သိ​ကြ​၏။-

1 Corinthians 9:12သင်​တို့​ထံ​မှ​အ​ခြား​သူ​တို့​သည်​ဤ​သို့​ရ ပိုင်​ခွင့်​ရှိ​လျှင် ငါ​တို့​သည်​ပို​၍​ပင်​ရ​ပိုင်​ခွင့် ရှိ​သည်​မ​ဟုတ်​လော။ သို့​သော်​ငါ​တို့​သည်​ထို​အ​ခွင့်​အ​ရေး​ကို မ​ယူ​ခဲ့​ကြ။ ခ​ရစ်​တော်​အ​ကြောင်း​သ​တင်း ကောင်း​ပျံ့​နှံ့​ရေး​အ​တွက် အ​ဆီး​အ​တား မ​ဖြစ်​စေ​ရန်​တွေ့​ကြုံ​ရ​သော​အ​ခက်​အ​ခဲ ရှိ​သ​မျှ​ကို​ရင်​ဆိုင်​သည်း​ခံ​ခဲ့​ကြ​၏။-

1 Corinthians 10:23``ငါ​တို့​တွင်​အ​ဘယ်​အ​မှု​ကို​မ​ဆို​ပြု​နိုင်​ခွင့် ရှိ​၏'' ဟု​ဆို​ကြ​သည်​အ​တိုင်း​မှန်​သော်​လည်း အ​ရာ​ခပ်​သိမ်း​သည်​ကောင်း​မွန်​သည်​မ​ဟုတ်။``ငါ တို့​တွင်​အ​ဘယ်​အ​မှု​ကို​မ​ဆို​ပြု​ပိုင်​ခွင့်​ရှိ​၏'' ဟု​ဆို​သော်​လည်း​အ​ရာ​ခပ်​သိမ်း​သည်​ငါ​တို့ အ​ကျိုး​ကို​ပြု​စု​ပေး​သည်​မ​ဟုတ်။-

Hebrews 12:15ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​အ​ဘယ် သူ​မျှ​မ​ငြင်း​မ​ပယ်​စေ​နှင့်။ မြစ်​ခါး​ပင်​သည် မိ​မိ​၏​အ​ဆိပ်​ဖြင့်​လူ​အ​များ​အား​ဒုက္ခ ပေး​တတ်​၏။ အ​ဘယ်​သူ​မျှ​ထို​အ​ပင်​ကဲ့ သို့​မ​ဖြစ်​စေ​နှင့်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ကောရိန္တုဩဝါဒစာပထမစောင် 6:12

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesJohn LightfootGeneva Bible Notes (1599)Robertson's Word Pictures
← ကောရိန္တုဩဝါဒစာပထမစောင် 6:11ကောရိန္တုဩဝါဒစာပထမစောင် 6ကောရိန္တုဩဝါဒစာပထမစောင် 6:13 →