ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် 1:12
သင်တို့အားပြောစရာများစွာရှိသော်လည်း ငါသည်စာအားဖြင့်မရေးဘဲ ငါတို့၏ရွှင်လန်း ဝမ်းမြောက်ခြင်းပြည့်ဝစုံလင်စေရန် ငါသည် သင်တို့ထံသို့အလည်အပတ်လာ၍ သင်တို့ နှင့်ကိုယ်တိုင်တွေ့ဆုံပြောဆိုရန်မျှော်လင့်၏။
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် 1
Cross References
Numbers 12:8သို့ဖြစ်၍ငါသည်သူနှင့်မျက်နှာချင်းဆိုင်၍ ရှင်းလင်းပြတ်သားစွာစကားပြောဆို၏။ စကားဝှက်ဖြင့်ပြောဆိုလေ့မရှိ။ သူသည် ငါ၏ပုံသဏ္ဌာန်တော်ကိုပင်ဖူးတွေ့ခဲ့ရ၏။ သင်တို့သည်ငါ၏အစေခံမောရှေကို အဘယ်ကြောင့်အပြစ်တင်ပြောဆိုဝံ့ သနည်း'' ဟုမိန့်တော်မူ၏။
John 16:12``သင်တို့အားငါပြောစရာများရှိသေး သော်လည်းယခုသင်တို့ခံယူနိုင်ကြမည် မဟုတ်။-
John 17:13ယခုမှာအကျွန်ုပ်သည်ကိုယ်တော်၏ထံသို့ လာပါမည်။ ထိုသူတို့သည်အကျွန်ုပ်၏ဝမ်း မြောက်ခြင်းကိုစိတ်နှလုံးထဲတွင်အပြည့် အဝခံစားကြရစေရန် ဤလောကတွင် ရှိနေစဉ်အကျွန်ုပ်သည်ဤစကားများကို မြွက်ဆိုပါ၏။-
1 Corinthians 16:5ငါသည်မာကေဒေါနိပြည်လမ်းမှလာမည်ဖြစ် ၍ မာကေဒေါနိပြည်တစ်လျှောက်ခရီးပြုပြီး သောအခါသင်တို့ထံသို့လာခဲ့မည်။-
Philemon 1:22ထို့အပြင်ငါတည်းခိုရန်အခန်းတစ်ခုကို အသင့်ပြင်ထားပါလော့။ အဘယ်ကြောင့်ဆို သော်ဘုရားသခင်သည်သင်တို့အပေါင်း၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၍ ငါ့ အားသင်တို့ထံသို့ပြန်လည်ရောက်ရှိစေတော် မူလိမ့်မည်ဟုငါမျှော်လင့်သောကြောင့်ဖြစ်၏။
Hebrews 13:23ငါတို့၏ညီတိမောသေသည် အကျဉ်းထောင်မှ လွတ်၍လာပြီဖြစ်ကြောင်းသင်တို့အားသိစေ လို၏။ အကယ်၍သူသည်ငါ့ထံသို့အချိန်မီ ရောက်ရှိလာပါက သင်တို့နှင့်တွေ့ဆုံရန်ငါ လာသောအခါသူ့ကိုခေါ်ခဲ့ပါမည်။