ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် 1:9
ခရစ်တော်၏တရားတော်ဘောင်အတွင်း၌ မနေဘဲ ထိုဘောင်ကိုကူးကျော်သူ၌ဘုရား သခင်မရှိ။ ထိုတရားတော်ဘောင်အတွင်း၌ နေသောသူဟူမူကားခမည်းတော်နှင့်သား တော်ပါရှိ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် 1
Cross References
Matthew 11:27ထိုနောက်ကိုယ်တော်က ``ငါ့ခမည်းတော်သည်ခပ်သိမ်း သောအရာတို့ကိုငါ့အားပေးအပ်ထားတော်မူလေပြီ။ ခမည်းတော်မှတစ်ပါးအခြားမည်သူမျှသားတော်ကို မသိ။ ခမည်းတော်ကိုလည်းသားတော်နှင့်သားတော် ဖွင့်ပြလိုသူများမှတစ်ပါးအခြားမည်သူမျှ မသိ။
John 5:23သားတော်အားတရားစီရင်ပိုင်ခွင့်ရှိသမျှ ကိုပေးအပ်ထားတော်မူ၏။ သို့ဖြစ်၍လူတို့ သည်ခမည်းတော်အားရိုသေကြသည်နည်း တူ သားတော်အားရိုသေရကြမည်။ သားတော် အားမရိုသေသောသူသည်သားတော်ကိုစေ လွှတ်တော်မူသောခမည်းတော်အားမရိုသေ သူဖြစ်၏။
John 14:6သခင်ယေရှုက ``ငါသည်ခရီးလမ်းဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲအဘယ်သူမျှခမည်း တော်ထံသို့မရောက်နိုင်။-
Acts 2:42ထိုသူတို့သည်တမန်တော်တို့၏ဆုံးမသြဝါဒ ကိုခံယူခြင်း၊ စုပေါင်းနေထိုင်စားသောက်ခြင်း၊ ပွဲ တော်မင်္ဂလာဝင်ခြင်း၊ အတူတကွဆုတောင်းပတ္ထနာ ပြုခြင်းတို့ဖြင့်အချိန်ကိုကုန်လွန်စေကြ၏။
Titus 2:10သို့မဟုတ်ခိုးဝှက်မှုကိုမပြုရ။ ယင်းသို့ပြု မည့်အစားသူတို့သည်အစဉ်ရိုးသား၍ သစ္စာ ရှိသူများဖြစ်ကြောင်းပေါ်လွင်စေရမည်။ ဤ နည်းအားဖြင့်သူတို့သည်မိမိတို့ပြုသမျှ သောအမှုတို့တွင် ငါတို့ကယ်တင်ရှင်ဘုရား သခင်၏တရားတော်အရောင်အဝါကိုပိုမို၍ ထွန်းတောက်စေကြလိမ့်မည်။
Hebrews 6:1သို့ဖြစ်၍ငါတို့သည်ခရစ်တော်နှင့်ဆိုင်သော အခြေခံသွန်သင်ချက်ကိုချန်ထား၍ ရင့်ကျက် သည့်ခံယူယုံကြည်ချက်သို့တက်လှမ်းကြကုန် အံ့။ ထိုမူလအခြေခံတရားများကိုသင်တို့ အား ငါတို့သွန်သင်ပေးပြီးဖြစ်သဖြင့်ထပ်မံ သွန်သင်ပေးရန်မသင့်။ အကျိုးမပေးတတ်သည့် အကျင့်အကြံများကိုစွန့်လွှတ်ကာ ဘုရား သခင်အားယုံကြည်ရန်လိုအပ်ကြောင်းသင် တို့သိရှိကြပြီးဖြစ်ပေသည်။-