1 ဓမ္မရာဇဝင်တတိယစောင် 10:15
ယေဟုသည်တစ်ဖန်ထွက်ခွာသွားသောအခါ လမ်း၌ရေခပ်၏သားယောနဒပ်နှင့်တွေ့လေ၏။ ယေဟုသည်သူ့ကိုနှုတ်ဆက်ပြီးလျှင်``သင်သည် ငါနှင့်စိတ်နေသဘောထားချင်းတူပါ၏။ သို့ ဖြစ်၍ငါ့အားကူညီမည်လော'' ဟုမေး၏။ ယောနဒပ်က``ကူညီပါမည်'' ဟုဖြေ၏။ ယေဟုက``ယင်းသို့ဖြစ်ပါမူငါ့အားသင်၏ လက်ကိုကမ်းပေးလော့'' ဟုဆို၏။ ယောနဒပ် ကလက်ကိုကမ်းပေးလိုက်သောအခါ ယေဟု သည်လက်ကိုဆွဲ၍ယောနဒဒ်အားရထား ပေါ်တက်စေပြီးသော်၊-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 10
Cross References
Genesis 31:55နောက်တစ်နေ့နံနက်စောစော၌လာဗန်သည် သူ၏မြေးများနှင့်သမီးတို့ကိုနမ်းရှုပ်နှုတ် ဆက်၍ ကောင်းချီးပေးပြီးလျှင်မိမိနေရပ် သို့ပြန်လေ၏။
Genesis 47:10ထိုနောက်ယာကုပ်သည်ဖာရောဘုရင်ကိုနှုတ် ဆက်ကောင်းချီးပေးပြီးလျှင် ဘုရင့်ထံတော် မှထွက်လာခဲ့လေ၏။-
2 Kings 9:21ယောရံက``ငါ၏စစ်ရထားကိုအသင့်ပြင် လော့'' ဟုအမိန့်ပေး၏။ အသင့်ရှိသောအခါ သူနှင့်အာခဇိမင်းသည် စစ်ရထားကိုယ်စီစီး ၍ယေဟုနှင့်တွေ့ဆုံရန်ထွက်သွားကြ၏။ သူ တို့သည်နာဗုတ်၏မြေသို့ရောက်သောအခါ ယေဟုနှင့်ဆုံမိကြ၏။-
1 Chronicles 2:55(စာချုပ်စာတမ်းများရေးမှတ်ကူးယူသည့် အတတ်တွင် အထူးကျွမ်းကျင်ကုန်သောတိ ရသိ၊ ရှိမသိနှင့် စုခသိသားချင်းစုတို့ သည်ယာဗက်မြို့တွင်နေထိုင်ကြ၏။ ထိုသူ တို့သည်ရေခပ်အမျိုးအနွယ်များနှင့် အပြန်အလှန်လက်ထပ်ထိမ်းမြားခဲ့ကြ သောကိနိအမျိုးသားများဖြစ်သတည်း။)
1 Chronicles 12:18ဘုရားသခင်ထံတော်မှဝိညာဉ်တော်သည် အာမသဲအပေါ်သို့သက်ရောက်ကာနောင် အခါ၌ ရဲဘော်သုံးကျိပ်တို့၏တပ်မှူး ဖြစ်လာသူအာမသဲက၊ ``ယေရှဲ၏သားဒါဝိဒ်မင်း၊ကျွန်တော်တို့သည် အရှင်၏ဘက်တော်သားများဖြစ်ကြပါ၏။ ဘုရားသခင်သည်အရှင်၏ဘက်၌ရှိပါ၏။ အရှင်နှင့်တကွအရှင့်အားကူညီကြသူတို့ သည် အောင်မြင်ကြပါစေသော'' ဟုဟစ်အော် လျှောက်ထား၏။ ဒါဝိဒ်သည်ထိုသူတို့ကိုလက်ခံလျက် မိမိ တပ်တွင်အရာရှိများအဖြစ်ခန့်အပ်လေ၏။
Nehemiah 3:14ရေခပ်၏သားဗေသက္ကရင်နယ်ကိုအုပ်ချုပ်ရ သူမာလခိယသည် အမှိုက်ပုံတံခါးကိုပြန် လည်တည်ဆောက်၍တံခါးရွက်များ၊ မင်းတုပ် များနှင့်ကန့်လန့်ကျင်များကိုတပ်ဆင်လေ သည်။