1 ဓမ္မရာဇဝင်တတိယစောင် 9:21
ယောရံက``ငါ၏စစ်ရထားကိုအသင့်ပြင် လော့'' ဟုအမိန့်ပေး၏။ အသင့်ရှိသောအခါ သူနှင့်အာခဇိမင်းသည် စစ်ရထားကိုယ်စီစီး ၍ယေဟုနှင့်တွေ့ဆုံရန်ထွက်သွားကြ၏။ သူ တို့သည်နာဗုတ်၏မြေသို့ရောက်သောအခါ ယေဟုနှင့်ဆုံမိကြ၏။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 9
Cross References
1 Kings 20:14အာဟပ်က``အဘယ်သူခေါင်းဆောင်၍တိုက်ခိုက် ပါမည်နည်း'' ဟုမေး၏။ ပရောဖက်က``နယ်မြေဘုရင်ခံများ၏လက် အောက်ရှိစစ်လုလင်တို့ကိုခေါင်းဆောင်စေ ရန် ထာဝရဘုရားမိန့်တော်မူ၏'' ဟုဆင့်ဆို ပြန်၏။ မင်းကြီးက``တပ်မတော်ကြီးကိုအဘယ်သူ ကွပ်ကဲရပါမည်နည်း'' ဟုမေးလျှင်၊- ``ဘုရင်မင်းကိုယ်တိုင်ဖြစ်ပါသည်'' ဟု ပရောဖက်ကပြန်ပြောလေသည်။
1 Kings 21:15ထိုသတင်းကိုရလျှင်ရခြင်းယေဇဗေလသည် အာဟပ်အား``နာဗုတ်သေပြီဖြစ်၍ယခုအရှင် သွား၍သူမရောင်းလိုသောစပျစ်ဥယျာဉ်ကို သိမ်းယူတော်မူပါလော့'' ဟုလျှောက်၏။-
2 Kings 9:25ထိုအခါယေဟုသည်မိမိ၏ရထားမှူး ဗိဒကအား``သူ၏အလောင်းကိုယူ၍နာဗုတ် မြေကွက်ထဲသို့ပစ်ချလော့။ ယောရံမင်း၏ဖခင် အာဟပ်နောက်မှ သင်နှင့်ငါမြင်းစီး၍လိုက် လာစဉ်အခါ၌ ထာဝရဘုရားကအာဟပ် အား`ယမန်နေ့ကနာဗုတ်နှင့်သားများအား သတ်သည့်အမှုကိုငါတွေ့မြင်ပြီ။ သို့ဖြစ်၍ ငါသည်သင့်အားထိုမြေကွက်ထဲ၌ပင် အပြစ် ဒဏ်စီရင်မည်' ဟုမိန့်တော်မူသည်ကိုသတိ ရလျက် ထာဝရဘုရားမိန့်ကြားတော်မူခဲ့ သည့်အတိုင်း ယောရံ၏အလောင်းကိုနာ ဗုတ်၏မြေကွက်ထဲသို့ပစ်ချလော့'' ဟုဆို ၏။
Micah 1:13လာခိရှမြို့တွင်နေထိုင်သူတို့၊ စစ်ရထား များကိုမြင်းကကြလော့။ သင်တို့သည် ဣသရေလပြည်သူတို့၏စံနမူနာကို လိုက်၍ အပြစ်ကူးလွန်ကြ၏။ သင်တို့ အပြစ်ကူးလွန်စေသကဲ့သို့ ယေရုရှလင် မြို့အားလည်းအပြစ်ကူးလွန်စေကြ၏။-