1 ဓမ္မရာဇဝင်တတိယစောင် 11:4
သို့ရာတွင်သတ္တမမြောက်သောနှစ်သို့ရောက် သောအခါ ယဇ်ပုရောဟိတ်ယောယဒသည် ဘုရင်မ၏ကိုယ်ရံတော်တပ်မှူးများနှင့် နန်းတော်အစောင့်တပ်မှူးများကိုဗိမာန် တော်သို့ခေါ်ပြီးလျှင် မိမိ၏အကြံအစည် အတိုင်းလိုက်နာကြရန်သစ္စာဆိုစေ၏။ ထို နောက်သူသည်ထိုသူတို့အား အာမဇိ မင်း၏သားတော်ယောရှကိုပြပြီးလျှင်၊-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 11
Cross References
Genesis 50:25ထိုနောက်ဣသရေလအမျိုးသားတို့ အား``ဘုရားသခင်သည်သင်တို့ကိုထို ပြည်သို့ပို့ဆောင်သောအခါ ငါ၏အရိုး တို့ကိုသင်တို့နှင့်အတူဆောင်သွားပါမည် ဟုငါ့အားကတိပေးပါလော့'' ဟုဆို လျက်ကျိန်ဆိုကတိပေးစေ၏။-
1 Samuel 18:3ယောနသန်သည်ဒါဝိဒ်ကိုလွန်စွာချစ်သဖြင့် သူနှင့်ရာသက်ပန်မိတ်ဆွေဖွဲ့ရန်ကျိန်ဆို ကတိပြုလေသည်။-
2 Samuel 8:18ယောယဒ၏သားဗေနာယမှာခေရသိနှင့် ပေလသိအမျိုးသားများဖြစ်ကြသော ကိုယ်ရံတော်အစောင့်တပ်သားတို့ကိုအုပ် ချုပ်ရသူဖြစ်၏။ ဒါဝိဒ်၏သားတော်များ ကားယဇ်ပုရောဟိတ်များဖြစ်ကြသတည်း။
1 Kings 18:10မင်းကြီးသည်အရှင့်အားကမ္ဘာပေါ်ရှိနိုင်ငံတကာ တွင်ရှာဖွေစေကြောင်းကို အသက်ရှင်တော်မူသော ထာဝရဘုရားတည်းဟူသောအရှင်၏ဘုရားသခင်ကိုတိုင်တည်၍အကျွန်ုပ်ကျိန်ဆိုပါ၏။ ဤ မည်သောနိုင်ငံတွင်ဧလိယမရှိပါဟုဆိုသော မင်းအား မင်းကြီးကအကယ်ပင်ရှာ၍မတွေ့ ကြောင်းကိုသစ္စာဆိုစေပါ၏။-
2 Kings 11:17ယောယဒသည်မင်းကြီးနှင့်တကွပြည်သူ အပေါင်းတို့အား ထာဝရဘုရား၏လူမျိုး တော်ဖြစ်ကြစေရန်ကိုယ်တော်နှင့်ပဋိညာဉ် ဖွဲ့စေလေသည်။ မင်းကြီးနှင့်ပြည်သူတို့ကို လည်းအပြန်အလှန်ပဋိညာဉ်ဖွဲ့စေ၏။-
2 Kings 12:7ယောရှသည်ယောယဒနှင့်အခြားယဇ်ပုရော ဟိတ်များကိုခေါ်၍``သင်တို့သည်အဘယ် ကြောင့်ဗိမာန်တော်ကိုမပြင်ဘဲနေကြသနည်း။ ယခုအချိန်မှအစပြု၍ သင်တို့သည်မိမိ တို့ရရှိသည့်ငွေကိုသိမ်းဆည်း၍မထားရ ကြ။ ဗိမာန်တော်မွမ်းမံပြင်ဆင်မှုအတွက် ပေးအပ်ရကြမည်'' ဟုဆို၏။-