1 ဓမ္မရာဇဝင်တတိယစောင် 14:19
အာမဇိသည်မိမိအားလုပ်ကြံရန်ယေရုရှလင် မြို့တွင် လျှို့ဝှက်ကြံစည်မှုတစ်ရပ်ဖြစ်ပေါ်လာ သဖြင့် လာခိရှမြို့သို့ထွက်ပြေးလေသည်။ သို့ ရာတွင်သူ၏ရန်သူများသည်ထိုမြို့သို့ လိုက်၍သူ့ကိုလုပ်ကြံကြ၏။-
Common Language Bible
In The King James Version
In Context
18အာမဇိလုပ်ဆောင်ခဲ့သည့်အခြားအမှုအရာ အလုံးစုံကို ယုဒရာဇဝင်တွင်ရေးထားသတည်း။
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 14
Cross References
Joshua 10:3သို့ဖြစ်၍ယေရုရှလင်မြို့ဘုရင်မင်းကြီး အဒေါနိဇေဒက်သည်ဟေဗြုန်ဘုရင်ဟောဟံ၊ ယာမုတ်ဘုရင်ဝိရံ၊ လာခိရှဘုရင်ယာဖျာ၊ ဧဂလုန်ဘုရင်ဒေပိရတို့ထံသို့သံတမန် များကိုစေလွှတ်၍၊-
2 Kings 9:27အာခဇိမင်းသည်ထိုအဖြစ်အပျက်ကို မြင်သဖြင့် မိမိ၏စစ်ရထားဖြင့်ဗေသာဂနံ မြို့ဘက်သို့ထွက်ပြေးလေ၏။ ယေဟုသည် သူ၏နောက်မှလိုက်၍``သူ့ကိုလည်းသတ်ကြ လော့'' ဟုမိမိ၏တပ်သားများအားအမိန့် ပေး၏။ အာခဇိမင်းသည်ဣဗလံမြို့အနီး ရှိဂုရမြို့သို့သွားရာလမ်းတွင်ဒဏ်ရာရ လေသည်။ သို့ရာတွင်သူသည် မေဂိဒ္ဒေါမြို့သို့ ရောက်သည့်တိုင်အောင်ဆက်လက်သွားပြီး မှသေလေ၏။-
2 Kings 15:14ဂါဒိ၏သားမေနဟင်သည်တိရဇမြို့မှ ရှမာရိမြို့သို့သွား၍ရှလ္လုံကိုလုပ်ကြံကာ သူ၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။-
2 Kings 15:30သြဇိ၏သား၊ ယုဒဘုရင်ယောသံ၏နန်းစံ အနှစ်နှစ်ဆယ်မြောက်၌ဧလာ၏သားဟောရှေ သည် လျှို့ဝှက်ကြံစည်ကာပေကာမင်းကိုလုပ် ကြံပြီးလျှင် သူ၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။-
2 Kings 18:17အာရှုရိဧကရာဇ်ဘုရင်သည် ယေရုရှလင်မြို့ ကိုတိုက်ခိုက်ရန် မိမိ၏ထိပ်သီးအရာရှိသုံးဦး အုပ်ချုပ်သည့်တပ်မတော်ကြီးကိုလာခိရှမြို့ မှစေလွှတ်လိုက်လေသည်။ ယေရုရှလင်မြို့သို့ ရောက်သောအခါ သူတို့သည်အထက်ရေကန်မှ စီးဆင်းလာသည့်ရေမြောင်းအနီး အထည်ယက် လုပ်သူတို့၏အလုပ်စခန်းတည်ရာလမ်းတွင် တပ်စခန်းချကြ၏။-