1 ဓမ္မရာဇဝင်တတိယစောင် 18:17
အာရှုရိဧကရာဇ်ဘုရင်သည် ယေရုရှလင်မြို့ ကိုတိုက်ခိုက်ရန် မိမိ၏ထိပ်သီးအရာရှိသုံးဦး အုပ်ချုပ်သည့်တပ်မတော်ကြီးကိုလာခိရှမြို့ မှစေလွှတ်လိုက်လေသည်။ ယေရုရှလင်မြို့သို့ ရောက်သောအခါ သူတို့သည်အထက်ရေကန်မှ စီးဆင်းလာသည့်ရေမြောင်းအနီး အထည်ယက် လုပ်သူတို့၏အလုပ်စခန်းတည်ရာလမ်းတွင် တပ်စခန်းချကြ၏။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 18
Cross References
2 Kings 20:20ဟေဇကိမင်း၏လက်ရုံးရည်၊ ရေလှောင်ကန် ဆောက်လုပ်ခြင်း၊ မြို့တွင်းသို့ရေသွင်းပြွန်သွယ် ခြင်းအပါအဝင် သူလုပ်ဆောင်ခဲ့သည့်အခြား အမှုအရာရှိသမျှကို ယုဒရာဇဝင်တွင်ရေး ထားသတည်း။-
2 Chronicles 32:9ကာလအနည်းငယ်ကြာသောအခါသနာ ခရိပ်သည် မိမိတပ်မတော်နှင့်အတူလာခိရှ မြို့၌ပင်ရှိနေစဉ် ဟေဇကိနှင့်ယေရုရှလင် မြို့တွင်ရှိနေကြသောယုဒပြည်သူတို့ထံ သို့စေတမန်လွှတ်၍၊-
Isaiah 20:1အာရှုရိဘုရင်သာဂုန်၏အမိန့်တော်အရ အာရှုရိတပ်မတော်ဦးစီးချုပ်သည်ဖိလိတ္တိ ပြည်၊ အာဇုတ်မြို့ကိုတိုက်ခိုက်လေသည်။-
Isaiah 36:2ထိုနောက်သူသည်မိမိ၏ဗိုလ်ချုပ်အား လာခိရှ မြို့မှစစ်သည်အလုံးအရင်းနှင့်ယေရုရှလင် မြို့သို့သွားရောက်ကာ ဟေဇကိမင်းအားလက် နက်ချရန်ပြောဆိုစေ၏။ ဗိုလ်ချုပ်သည်လည်း အထက်ရေကန်မှစီးဆင်းလာသောရေသွယ် မြောင်းအနီး၊ အထည်ယက်လုပ်သူတို့၏ အလုပ်စခန်းတည်ရာလမ်းကိုသိမ်းယူလေ သည်။-