1 ဓမ္မရာဇဝင်တတိယစောင် 15:10
ယာဖက်၏သားရှလ္လုံသည်လျှို့ဝှက်ကြံစည် ကာ ဇာခရိမင်းအားဣဗိလံမြို့တွင်လုပ်ကြံ ပြီးနောက် သူ၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 15
Cross References
1 Kings 16:10ဇိမရိသည်ထိုအိမ်သို့ဝင်၍ဧလာအားလုပ် ကြံကာ သူ၏အရိုက်အရာကိုဆက်ခံ၍မင်း ပြု၏။ ယုဒဘုရင်အာသနန်းစံနှစ်ဆယ့် ခုနစ်နှစ်မြောက်၌ဧလာသည်လုပ်ကြံခြင်း ကိုခံရသတည်း။
2 Kings 9:31ယေဟုသည်နန်းတော်ဝင်တံခါးဝကိုဝင်၍ လာသောအခါ ယေဇဗေလသည်ယေဟု အား``ကိုယ့်သခင်ကိုသတ်သောအချင်း ဇိမရိ သင်သည်အဘယ်ကြောင့် ဤအရပ်သို့လာ သနည်း'' ဟုဟစ်အော်၍ပြော၏။
2 Kings 14:19အာမဇိသည်မိမိအားလုပ်ကြံရန်ယေရုရှလင် မြို့တွင် လျှို့ဝှက်ကြံစည်မှုတစ်ရပ်ဖြစ်ပေါ်လာ သဖြင့် လာခိရှမြို့သို့ထွက်ပြေးလေသည်။ သို့ ရာတွင်သူ၏ရန်သူများသည်ထိုမြို့သို့ လိုက်၍သူ့ကိုလုပ်ကြံကြ၏။-
2 Kings 15:22သူကွယ်လွန်သောအခါသူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ပေကဟိသည်ခမည်းတော်၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်လေသည်။
2 Kings 15:30သြဇိ၏သား၊ ယုဒဘုရင်ယောသံ၏နန်းစံ အနှစ်နှစ်ဆယ်မြောက်၌ဧလာ၏သားဟောရှေ သည် လျှို့ဝှက်ကြံစည်ကာပေကာမင်းကိုလုပ် ကြံပြီးလျှင် သူ၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။-