1 ဓမ္မရာဇဝင်တတိယစောင် 16:10
အာခတ်မင်းသည်ဧကရာဇ်ဘုရင်တိဂလတ် ပိလေသာကိုတွေ့ဆုံရန် ဒမာသက်မြို့သို့သွား သောအခါ ထိုမြို့တွင်ရှိသောယဇ်ပလ္လင်ကိုမြင် သဖြင့် ထိုယဇ်ပလ္လင်၏ပုံတူတစ်ခုကိုစေ့စပ် သေချာစွာပြုလုပ်ပြီးလျှင် ယဇ်ပုရောဟိတ် ဥရိယထံသို့ပေးပို့လိုက်၏။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 16
Cross References
Exodus 39:43မောရှေသည်သူတို့လုပ်ပြီးသမျှကိုစစ် ဆေး၍၊ ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းလုပ်ဆောင်ကြကြောင်းတွေ့မြင်ရ၏။ ထို့ကြောင့်မောရှေသည်သူတို့အားကောင်းချီး ပေးလေ၏။
Joshua 22:28အကယ်၍ပြောခဲ့သည်ရှိသော်ငါတို့၏ အဆက်အနွယ်တို့က`ကြည့်လော့၊ ငါတို့၏ ဘိုးဘေးတို့သည်ထာဝရဘုရား၏ယဇ်ပလ္လင် ကဲ့သို့သောယဇ်ပလ္လင်တစ်ခုကိုတည်ခဲ့ကြ၏။ ထိုယဇ်ပလ္လင်သည်မီးရှို့ရာသကာအစရှိ သောသကာများကိုပူဇော်ဆက်သရန် မဟုတ်။ သင်တို့၏လူစုနှင့်ငါတို့၏လူစု အတွက်သက်သေအထိမ်းအမှတ်သာဖြစ် သည်' ဟုပြန်ပြောနိုင်လိမ့်မည်ဟူ၍ထင် မြင်ယူဆပါသည်။-
1 Chronicles 28:11ဒါဝိဒ်သည်ဗိမာန်တော်ဆိုင်ရာအဆောက် အအုံရှိသမျှတို့၏ပုံစံများကိုလည်း ကောင်း၊ ပစ္စည်းသိုလှောင်ရာမှစ၍အခြား အခန်းအပေါင်းနှင့်အပြစ်ဖြေလွှတ်ရာ မြင့်မြတ်သန့်ရှင်းရာဌာနတော်၏ပုံစံကို လည်းကောင်းရှောလမုန်အားပေးအပ်တော် မူ၏။-
2 Chronicles 28:23သူသည်မိမိအားနှိမ်နင်းခဲ့သည့်အာရှုရိ အမျိုးသားတို့၏ဘုရားများကိုယဇ်ပူဇော် လေ၏။ သူက``အာရှုရိဘုရားတို့သည် အာရှုရိဘုရင်များကိုကူမကြ၏။ သို့ ဖြစ်၍သူတို့အားငါယဇ်ပူဇော်ပါက သူတို့သည် ငါ့ကိုလည်းကူမကောင်းကူမ ကြလိမ့်မည်'' ဟုဆို၏။ သို့ရာတွင်ထိုအမှု တို့သည် သူနှင့်သူ၏ပြည်သူတို့အပေါ် သို့ဘေးအန္တရာယ်ဆိုက်ရောက်စေလေသည်။-
Isaiah 8:2ယုံကြည်စိတ်ချရသူယဇ်ပုရောဟိတ်ဥရိယ နှင့်ယေဗရခိ၏သားဇာခရိနှစ်ယောက်တို့ အား အသိသက်သေများအဖြစ်ဖြင့်ခေါ် ထားလော့'' ဟုမိန့်တော်မူ၏။
Ezekiel 23:16ထိုရုပ်ပုံများကိုမြင်လျှင်မြင်ချင်းတပ် မက်သောစိတ်ရှိသဖြင့် ဗာဗုလုန်ပြည်ရှိ ထိုသူတို့ထံသို့စေတမန်များကိုလွှတ် လေသည်။-