1 ဓမ္မရာဇဝင်တတိယစောင် 16:4
ရုပ်တုကိုးကွယ်ရာဌာနများဖြစ်သောတောင် ကုန်းများနှင့် အရိပ်ကောင်းသည့်သစ်ပင်အောက် တို့တွင်အာခတ်သည်ယဇ်များကိုပူဇော်၍ နံ့သာပေါင်းကိုမီးရှို့၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 16
Cross References
1 Kings 14:23သူတို့သည်ဘုရားအတုအယောင်များအား ကိုးကွယ်ဝတ်ပြုရန်ဌာနများကိုတည်ဆောက် ကြ၏။ တောင်ထိပ်များနှင့်အရိပ်ကောင်းသည့် သစ်ပင်အောက်တို့တွင်ကိုးကွယ်ဝတ်ပြုရန် ကျောက်တိုင်များနှင့်အာရှရတံခွန်တိုင် များကိုစိုက်ထူကြ၏။-
2 Kings 14:4သူသည်ရုပ်တုကိုးကွယ်ရာဌာနများကို ဖြိုဖျက်ခြင်းမပြုသဖြင့် ပြည်သူတို့သည် ဆက်လက်၍ထိုဌာနများတွင်ယဇ်ပူဇော် ၍နံ့သာပေါင်းကိုမီးရှို့ကြလေသည်။
Isaiah 65:4ညဥ့်အခါ၌သူတို့သည်ဂူများသင်္ချိုင်းတွင်း များသို့သွား၍သူသေဝိညာဉ်များနှင့်နှီး နှောတိုင်ပင်ကြ၏။ သူတို့သည်ဝက်သားကို စား၍သူတို့၏အိုးများတွင် မသန့်ရှင်း သောအသားပြုတ်ရည်ရှိကြ၏။-
Jeremiah 17:2တောင်ကုန်းများပေါ်ရှိစိမ်းလန်းသည့်သစ်ပင် မှန်သမျှတို့၏အနီး၌လည်းကောင်း၊ တောင် ထိပ်များပေါ်၌လည်းကောင်း၊ အာရှရနတ် သမီးအတွက်စိုက်ထူထားသည့်တံခွန်တိုင် များယဇ်ပလ္လင်များကို သင်တို့၏သားသမီး များပင်ကိုးကွယ်ကြပေသည်။ သင်တို့သည် မိမိတို့၏ပြည်တစ်လျှောက်လုံးတွင်ကူး လွန်ခဲ့သည့်အပြစ်များကြောင့် သင်တို့၏ စည်းစိမ်ဥစ္စာရွှေငွေရတနာများကို သင် တို့ဝတ်ပြုကိုးကွယ်ကြသည့်မြင့်သော တောင်ကုန်းများနှင့်အတူရန်သူတို့အား ငါသိမ်းယူစေမည်။-
Ezekiel 43:7ကိုယ်တော်က``အချင်းလူသား၊ ဤအရပ် တွင်ငါ၏ရာဇပလ္လင်ရှိ၏။ ငါ၏ခြေနင်း ရာနေရာဖြစ်၏။ ငါသည်ဤအရပ်တွင် ဣသရေလအမျိုးသားတို့နှင့်အတူ ကျိန်းဝပ်တော်မူ၍သူတို့အားထာဝစဉ် အုပ်စိုးတော်မူမည်။ ဣသရေလအမျိုး သားများဖြစ်စေ၊ သူတို့၏ဘုရင်များ ဖြစ်စေ၊ ဝိညာဉ်ဆိုင်ရာပြည့်တန်ဆာ လုပ်ငန်းဖြင့်လည်းကောင်း၊ ဘုရင်တို့၏ အလောင်းများကိုမြင့်သောအရပ်များ တွင် ကိုးကွယ်ခြင်းအားဖြင့်လည်းကောင်း ငါ၏သန့်ရှင်းမြင့်မြတ်သောနာမတော် ကိုနောက်တစ်ဖန်မရှုတ်ချရ။-