Isaiah 65:4
ညဥ့်အခါ၌သူတို့သည်ဂူများသင်္ချိုင်းတွင်း များသို့သွား၍သူသေဝိညာဉ်များနှင့်နှီး နှောတိုင်ပင်ကြ၏။ သူတို့သည်ဝက်သားကို စား၍သူတို့၏အိုးများတွင် မသန့်ရှင်း သောအသားပြုတ်ရည်ရှိကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 23:19``နှစ်စဉ်သင်တို့၏လယ်များမှ အစဦးဆုံးရိတ် သိမ်းရသောသီးနှံများကို သင်၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်သို့ယူဆောင်လှူဒါန်း ရမည်။ ``သိုးငယ်သို့မဟုတ်ဆိတ်ငယ်ကို အမိနို့ရည်နှင့်မချက်မပြုတ်ရ။
Leviticus 11:7ဝက်သားကိုလည်းမစားရ။ ဝက်တို့သည်ခွာ ကွဲသော်လည်းစားမြုံ့မပြန်သဖြင့် စားရန် မသန့်ရှင်းဟုမှတ်ယူရမည်။-
Numbers 19:16မြို့ပြင်တွင်အသတ်ခံရသူသို့မဟုတ် သဘာဝအလျောက်သေဆုံးသူ၏အလောင်း၊ အရိုး၊ သင်္ချိုင်းကိုကိုင်တွယ်မိသောသူသည် ခုနစ်ရက်တိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။
Deuteronomy 14:8ဝက်သားကိုမစားရ။ ဝက်သည်ခွာကွဲသော် လည်းစားမြုံ့မပြန်သောကြောင့် မသန့်သော တိရစ္ဆာန်ဟူ၍မှတ်ရမည်။ တားမြစ်ထားသော ဤတိရစ္ဆာန်တို့၏အသားကိုမစားရ။ ယင်း တို့၏အသေကောင်များကိုပင်လျှင်မကိုင် တွယ်ရ။
Deuteronomy 18:11အင်းအိုင်လက်ဖွဲ့စီရင်သည့်အတတ်နှင့်သေ သူတို့ထံ မေးမြန်းသည့်အတတ်တို့ကိုမကျင့် သုံးရ။-
Isaiah 66:17ထာဝရဘုရားက``ရုပ်တုများကိုဝတ်ပြု ကိုးကွယ်ရန်နှင့်ဥယျာဉ်နတ်ကွန်းများသို့ သွားရောက်ရန်အတွက် မိမိတို့ကိုယ်ကိုသန့် စင်မှုပြုသူများ၊ ဝက်သားကြွက်သားနှင့် စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့် အစား အစာများကိုစားသုံးသူများပျက်သုဉ်း ရမည့်အချိန်ကာလသည်နီးကပ်လာလေ ပြီ။-