1 ဓမ္မရာဇဝင်တတိယစောင် 17:10
တောင်ကုန်းရှိသမျှတို့တွင်လည်းကောင်း၊ အရိပ် ကောင်းသည့်သစ်ပင်ရှိသမျှတို့၏အောက်တွင် လည်းကောင်း၊ ကျောက်တိုင်များနှင့်အာရှရဘုရား မ၏တံခွန်တိုင်များကိုထားရှိကြ၏။-
Common Language Bible
In The King James Version
And they set them up images and groves in every high hill, and under every green tree:
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 17
Cross References
Leviticus 26:1ထာဝရဘုရားက``သင်တို့သည်ရုပ်တုများ၊ ကျောက်တိုင်များ၊ ကျောက်ရုပ်များကိုထုလုပ် ၍မကိုးကွယ်ရ။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။-
Deuteronomy 16:21``သင်တို့၏ဘုရားသခင်ထာဝရဘုရား အတွက် ယဇ်ပလ္လင်ကိုတည်သောအခါပလ္လင် အနီးတွင်အာရှရဘုရားမ၏သစ်တိုင် ကိုမစိုက်မထူရ။-
1 Kings 14:23သူတို့သည်ဘုရားအတုအယောင်များအား ကိုးကွယ်ဝတ်ပြုရန်ဌာနများကိုတည်ဆောက် ကြ၏။ တောင်ထိပ်များနှင့်အရိပ်ကောင်းသည့် သစ်ပင်အောက်တို့တွင်ကိုးကွယ်ဝတ်ပြုရန် ကျောက်တိုင်များနှင့်အာရှရတံခွန်တိုင် များကိုစိုက်ထူကြ၏။-
Isaiah 2:8သူတို့၏ပြည်သည်ရုပ်တုဆင်းတုများနှင့်ပြည့် နှက်နေလျက်လူတို့သည် မိမိတို့လက်ဖြင့်ပြု လုပ်သည့်အရာများကိုဝတ်ပြုကိုးကွယ် ကြပါ၏။
Jeremiah 3:6ယောရှိမင်းလက်ထက်၌ ထာဝရဘုရားက ငါ့ကို``ထိုသစ္စာမဲ့သည့်အမျိုးသမီးဣသ ရေလသည် ငါ့အားမည်သို့စွန့်ပစ်၍သွား သည်ကိုသင်မြင်ပြီလော။ သူသည်တောင်မြင့် မှန်သမျှအပေါ်တွင်လည်းကောင်း၊ စိမ်းလန်း သည့်သစ်ပင်ရှိသမျှအောက်တွင်လည်း ကောင်း ပြည့်တန်ဆာအလုပ်ကိုလုပ်၏။-
Micah 5:14ငါသည်သင်တို့ပြည်တွင်ရှိသော အာရှရ နတ်သမီးတံခွန်တိုင်များနှင့် ရုပ်တုများ ကိုဖျက်ဆီးပစ်မည်။-