1 ဓမ္မရာဇဝင်တတိယစောင် 17:11
ထိုနောက်သူတို့သည်ခါနာန်ပြည်မှထာဝရ ဘုရားနှင်ထုတ်တော်မူလိုက်သည့် လူမျိုးများ ၏ဋ္ဌလေ့ထုံးစံများကိုယူကာ ရုပ်တုများ ကိုပူဇော်ရာယဇ်ပလ္လင်များပေါ်တွင်နံ့သာ ပေါင်းကိုမီးရှို့ကြ၏။ သူတို့သည်မိမိတို့ ၏အကျင့်ဆိုးများဖြင့် ထာဝရဘုရား၏ အမျက်တော်ကိုလှုံ့ဆော်ပေးကြ၏။-
Common Language Bible
In The King James Version
In Context
12ရုပ်တုကိုရှိမခိုးဝတ်မပြုရဟူသော ထာဝရ ဘုရား၏ပညတ်တော်ကိုမလိုက်နာကြ။
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 17
Cross References
Deuteronomy 18:9``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသောပြည်သို့ရောက်ရှိကြ သောအခါ သင်တို့သည်ထိုပြည်တွင်နေထိုင် သည့် လူမျိုးတို့၏ရွံရှာဖွယ်သောအလေ့ အကျင့်များကိုမကျင့်ကြနှင့်။-
Deuteronomy 32:21သူတို့၏ရုပ်တုဘုရားများဖြင့်ငါ့အား အမျက်ထွက်စေကြ၏။ သူတို့၏ဘုရားအတုအယောင်များအားဖြင့် ပြိုင်ဘက်ကိုလုံးဝလက်မခံနိုင်သော ငါ၏စိတ်တော်ကိုလှုံ့ဆော်ကြ၏။ သို့ဖြစ်၍မရေရာသောလူမျိုးအားဖြင့် သူတို့အားဒေါသထွက်စေမည်။ မိုက်မဲသောလူမျိုးအားဖြင့်သူတို့အား မနာလိုစိတ်ဖြစ်ပေါ်စေမည်။
1 Kings 14:15ထာဝရဘုရားဒဏ်ခတ်တော်မူသဖြင့် ဣသရေလ ပြည်သည်ချောင်းငယ်တွင်တုန်လှုပ်လျက်နေသော ကူပင်သဖွယ်တုန်လှုပ်သွားလိမ့်မည်။ ဣသရေလ အမျိုးသားတို့သည်ဘိုးဘေးများအားကိုယ်တော် ပေးအပ်တော်မူခဲ့သည့် ဤသာယာသောပြည်တော် မှနုတ်ပယ်ခြင်းကိုခံရကာဥဖရတ်မြစ်တစ် ဖက်ကမ်းသို့ကွဲလွင့်သွားကြလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်သူတို့သည်အာရှရဘုရားမ ရုပ်များကိုပြုလုပ်လျက်ကိုယ်တော်၏အမျက် တော်ကိုလှုံ့ဆော်ကြသောကြောင့်ဖြစ်၏။-
2 Kings 21:6မိမိ၏သားတော်ကိုလည်း မီးရှို့ရာပူဇော်သကာ အဖြစ်ဖြင့်ယဇ်ပူဇော်၏။ နတ်ဝိဇ္ဇာအတတ်နှင့်မှော် အတတ်များကိုလေ့လာ၍ ဗေဒင်ဆရာနှင့် နတ်ဝင်သည်တို့ကိုတိုင်ပင်၏။ သူသည်ထာဝရ ဘုရားအား များစွာပြစ်မှား၍အမျက်တော် ကိုလှုံ့ဆော်လေသည်။-
Psalms 78:56သို့ရာတွင်သူတို့သည်အနန္တတန်ခိုးရှင် ဘုရားသခင်အားပုန်ကန်၍သွေးစမ်းကြ၏။ သူတို့သည်ကိုယ်တော်၏ပညတ်တော်တို့ကို မစောင့်မထိန်းကြ။
Hosea 9:10ထာဝရဘုရားက``ဣသရေလကိုငါဦး စွာတွေ့ရစဉ်က တောကန္တာရ၌ပေါက်သော စပျစ်ပင်များကိုတွေ့ရသကဲ့သို့ဖြစ်၏။ သင်တို့၏ဘိုးဘေးများကိုငါဦးစွာတွေ့ ရစဉ်ကပေါ်ဦးပေါ်ဖျားမှည့်သောသဖန်း သီးများကိုတွေ့ရသကဲ့သို့ဖြစ်၏။ သို့ ရာတွင်သူတို့သည်ပေဂုရတောင်သို့ရောက် ရှိသောအခါ ဗာလဘုရားကိုကိုးကွယ် ကြသဖြင့်၊ သူတို့ကြည်ညိုသောဘုရား များကဲ့သို့စက်ဆုတ်ရွံရှာဖွယ်ဖြစ်လာ ကြ၏။-