Isaiah 36:2
ထိုနောက်သူသည်မိမိ၏ဗိုလ်ချုပ်အား လာခိရှ မြို့မှစစ်သည်အလုံးအရင်းနှင့်ယေရုရှလင် မြို့သို့သွားရောက်ကာ ဟေဇကိမင်းအားလက် နက်ချရန်ပြောဆိုစေ၏။ ဗိုလ်ချုပ်သည်လည်း အထက်ရေကန်မှစီးဆင်းလာသောရေသွယ် မြောင်းအနီး၊ အထည်ယက်လုပ်သူတို့၏ အလုပ်စခန်းတည်ရာလမ်းကိုသိမ်းယူလေ သည်။-
Common Language Bible
In The King James Version
In Context
Cross References
2 Kings 18:17အာရှုရိဧကရာဇ်ဘုရင်သည် ယေရုရှလင်မြို့ ကိုတိုက်ခိုက်ရန် မိမိ၏ထိပ်သီးအရာရှိသုံးဦး အုပ်ချုပ်သည့်တပ်မတော်ကြီးကိုလာခိရှမြို့ မှစေလွှတ်လိုက်လေသည်။ ယေရုရှလင်မြို့သို့ ရောက်သောအခါ သူတို့သည်အထက်ရေကန်မှ စီးဆင်းလာသည့်ရေမြောင်းအနီး အထည်ယက် လုပ်သူတို့၏အလုပ်စခန်းတည်ရာလမ်းတွင် တပ်စခန်းချကြ၏။-
Isaiah 7:3ထာဝရဘုရားသည်ဟေရှာယအား``သင်၏ သားရှာယာရှုပ်ကိုခေါ်၍အာခတ်နှင့်သွား ရောက်တွေ့ဆုံလော့။ သင်သည်သူ့ကိုအထက် ရေကန်ရေသွယ်မြောင်းအဆုံးအထည်ယက် သမားများအလုပ်လုပ်သည့်နေရာအနီး ရှိလမ်းပေါ်တွင်တွေ့လိမ့်မည်။-
Micah 1:9ရှမာရိမြို့၏ဒဏ်ရာဒဏ်ချက်တို့ကိုကုသ ၍မရနိုင်။ ယုဒပြည်သည်လည်းထိုကဲ့သို့ သောကံကြမ္မာနှင့်တွေ့ကြုံရတော့မည်။ ငါ ၏အမျိုးသားတို့နေထိုင်ရာယေရုရှလင် မြို့တံခါးများသို့ဘေးအန္တရာယ်ဆိုက် ရောက်လာသည်'' ဟုဆိုလေ၏။