1 ဓမ္မရာဇဝင်တတိယစောင် 18:31
ဟေဇကိ၏စကားကိုနားမထောင်ကြနှင့်။ မြို့ထဲ မှထွက်၍လက်နက်ချကြရန် သင်တို့အားအာရှုရိ ဧကရာဇ်ဘုရင်အမိန့်တော်ရှိ၏။ သင်တို့အား ဧကရာဇ်ဘုရင်သည်သင်တို့၏ပြည်နှင့်တူသည့် ပြည်၊ ဆန်စပါး၊ စပျစ်ရည်သစ်နှင့်ပြည့်စုံသော ပြည်၊ မုန့်နှင့်စပျစ်ဥယျာဉ်ရှိသောပြည်၊ သံလွင် ဆီနှင့်ပျားရည်ရှိသောပြည်သို့မပို့ဆောင်မီ အတောအတွင်း၌ သင်တို့သည်မိမိတို့၏ စပျစ်ပင်များနှင့်သင်္ဘောသဖန်းပင်များမှ အသီးများကိုစားကြ၍ မိမိတို့၏ရေတွင်း များမှရေကိုလည်းသောက်သုံးခွင့်ရလိမ့်မည်။ ဧကရာဇ်မင်းအမိန့်ရှိသည်အတိုင်းလိုက် နာပါလျှင် သင်တို့သည်သေရကြမည်မဟုတ်။ အသက်ရှင်ခွင့်ရရှိကြလိမ့်မည်။ ထာဝရ ဘုရားသည်ငါတို့ကိုကယ်ဆယ်တော်မူနိုင် သည်ဟု သင်တို့ထင်မှတ်စေရန်ဟေဇကိ လှည့်စားသည်ကိုနားမထောင်ကြနှင့်။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 18
Cross References
Genesis 32:20သင်တို့သည်ဧသောနှင့်တွေ့သောအခါ`ကိုယ်တော် ၏အစေခံယာကုပ်သည်ကျွန်ုပ်တို့နောက်မှလိုက် ပါလာပါသည်' ဟုပြောရမည်'' ဟူ၍မှာကြား ၏။ ယာကုပ်က``ယခုပေးလိုက်သောလက်ဆောင် များအားဖြင့် အစ်ကို၏စိတ်ကိုပြေစေ၍သူ နှင့်တွေ့ဆုံရသောအခါ ငါ့အပြစ်ကိုခွင့် လွှတ်ကောင်းခွင့်လွှတ်ပေလိမ့်မည်'' ဟု စိတ်ကူးမိလေ၏။-
1 Kings 4:20ယုဒနှင့်ဣသရေလပြည်သူပြည်သားတို့သည် သမုဒ္ဒရာကမ်းခြေသဲလုံးနှင့်အမျှများပြား ကြ၏။ သူတို့သည်ရွှင်လန်းစွာစားသောက် နေထိုင်ကြ၏။-
1 Kings 5:5ထာဝရဘုရားကကျွန်ုပ်၏ခမည်းတော် အား`သင့်နောက်၌ငါမင်းမြှောက်မည့်သူသင် ၏သားသည် ငါ့အတွက်ဗိမာန်တော်ကို တည်ဆောက်လိမ့်မည်' ဟုကတိထားတော် မူခဲ့ပါ၏။ ကျွန်ုပ်၏ဘုရားသခင်ထာဝရ ဘုရားအားကိုးကွယ်ဝတ်ပြုရန်အတွက် ထိုဗိမာန်တော်ကိုတည်ဆောက်ရန်ယခု ကျွန်ုပ်စိတ်ပိုင်းဖြတ်လိုက်ပါပြီ။-
Zechariah 3:10``ထိုနေ့ရက်ကာလကျရောက်လာသောအခါ သင်တို့ရှိသမျှသည်စပျစ်ဥယျာဉ်များ၊ သဖန်းပင်များခြံရံလျက်ငြိမ်းချမ်းလုံခြုံ စွာနေထိုင်နိုင်ကြစေရန် မိမိတို့၏အိမ်နီး ချင်းများကိုခေါ်ဖိတ်ကြလိမ့်မည်'' ဟုအနန္တ တန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏။