The Bible Software
bible.software › 1 ဓမ္မရာဇဝင်တတိယစောင် › 1 ဓမ္မရာဇဝင်တတိယစောင် 19 › 1 ဓမ္မရာဇဝင်တတိယစောင် 19:23

1 ဓမ္မရာဇဝင်တတိယစောင် 19:23

သင်​သည်​မိ​မိ​၏​စစ်​ရ​ထား​အ​ပေါင်း​ဖြင့် လေ​ဗ​နုန် ပြည်​ရှိ​အ​မြင့်​ဆုံး​တောင်​များ​ကို​နှိမ်​နင်း​အောင်​မြင် ခဲ့​ကြောင်း ငါ့​အား​ကြွား​ဝါ​ရန်​သံ​တ​မန်​များ​ကို စေ​လွှတ်​ခဲ့​၏။ သင်​သည်​ထို​အ​ရပ်​ရှိ​အ​မြင့်​ဆုံး သစ်​က​တိုး​ပင်​များ​နှင့် အ​လှ​ဆုံး​ထင်း​ရှူး​ပင် များ​ကို​ခုတ်​လှဲ​ကာ တော​နက်​ကြီး​များ​သို့ ရောက်​ရှိ​ခဲ့​ကြောင်း​ကြွား​ဝါ​ခဲ့​၏။-

Common Language Bible

In The King James Version

By the messengers thou hast reproached the Lord, and hast said, With the multitude of my chariots I am come up to the height of the mountains, to the sides of Lebanon, and will cut down the tall cedar trees thereof, and the choice fir trees thereof: and I will enter into the lodgings of his borders, and into the forest of his Carmel.

In Context

22သင်​သည်​အ​ဘယ်​သူ​အား​စော်​ကား​ကဲ့​ရဲ့​လျက် နေ​သည်​ကို သင်​သိ​ပါ​သ​လော။ သင်​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ် တော်​မူ​သော ငါ​ဘု​ရား​အား​မ​လေး​မ​ခန့် ပြု​၍ နေ​ပါ​သည်​တ​ကား။-

24သင်​သည်​ရေ​တွင်း​များ​ကို​တူး​၍​တိုင်း​တစ်​ပါး မှ​ရေ​ကို​သောက်​ခဲ့​သည်​ဟူ​၍​လည်း​ကောင်း၊ သင် ၏​တပ်​မ​တော်​သား​တို့​သည် ခြေ​ဖြင့်​နင်း​၍​နိုင်း မြစ်​ရေ​ကို​ခန်း​ခြောက်​စေ​ခဲ့​သည်​ဟူ​၍​လည်း ကောင်း​ကြွား​ခဲ့​၏။

Read all of 1 ဓမ္မရာဇဝင်တတိယစောင် 19

Cross References

2 Kings 18:17အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​သည် ယေရု​ရှ​လင်​မြို့ ကို​တိုက်​ခိုက်​ရန် မိ​မိ​၏​ထိပ်​သီး​အ​ရာ​ရှိ​သုံး​ဦး အုပ်​ချုပ်​သည့်​တပ်​မ​တော်​ကြီး​ကို​လာ​ခိ​ရှ​မြို့ မှ​စေ​လွှတ်​လိုက်​လေ​သည်။ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​သော​အ​ခါ သူ​တို့​သည်​အ​ထက်​ရေ​ကန်​မှ စီး​ဆင်း​လာ​သည့်​ရေ​မြောင်း​အ​နီး အ​ထည်​ယက် လုပ်​သူ​တို့​၏​အ​လုပ်​စ​ခန်း​တည်​ရာ​လမ်း​တွင် တပ်​စ​ခန်း​ချ​ကြ​၏။-

2 Kings 18:33အ​ခြား​လူ​မျိုး​တို့​၏​ဘု​ရား​များ​သည်​ထို​သူ တို့​၏​ပြည်​များ​ကို အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင် ၏​လက်​မှ​ကယ်​ဆယ်​ခဲ့​ကြ​ပါ​သ​လော။-

2 Chronicles 26:10မင်း​ကြီး​သည်​အ​နောက်​ဘက်​တောင်​ခြေ​ရင်း​ရှိ တောင်​ပူ​စာ​များ​နှင့် လွင်​ပြင်​များ​တွင်​နွား​အုပ် ကြီး​များ​မွေး​မြူ​ထား​သ​ဖြင့် တော​ကန္တာ​ရ​ရှိ မြို့​များ​ကို​မျှော်​စင်​များ​နှင့်​တ​ကွ​တံ​တိုင်း ကာ​၍​ရေ​လှောင်​ကန်​အ​မြောက်​အ​မြား​ကို​တူး တော်​မူ​၏။ မင်း​ကြီး​သည်​လယ်​ယာ​စိုက်​ပျိုး​မှု ကို​ဝါ​သ​နာ​ပါ​သ​ဖြင့် တောင်​ကုန်း​ဒေ​သ​များ တွင်​စ​ပျစ်​ဥ​ယျာဉ်​များ​စိုက်​ပျိုး​မှု၊ မြေ ကောင်း​မြေ​သန့်​များ​တွင်​လယ်​ယာ​များ စိုက်​ပျိုး​မှု​ကို​အား​ပေး​တော်​မူ​လေ​သည်။

Psalms 20:7အ​ချို့​သော​သူ​တို့​သည်​မိ​မိ​တို့​၏ စစ်​ရ​ထား​များ​ကို​လည်း​ကောင်း၊ မြင်း​များ​ကို​လည်း​ကောင်း​အား​ကိုး​ကြ​၏။ သို့​ရာ​တွင်​ငါ​တို့​မူ​ကား​ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​အား​ကိုး​ကြ​၏။

Isaiah 10:7သို့​ရာ​တွင်​အာ​ရှု​ရိ​ဘု​ရင်​သည်​အ​ကြမ်း​ဖက် လို​သ​ဖြင့် မိ​မိ​ကိုယ်​ပိုင်​အ​ကြံ​အ​စည်​များ ကို​ပြု​လုပ်​ထား​လေ​သည်။ သူ​သည်​တိုင်း​နိုင်​ငံ အ​မြောက်​အ​မြား​ကို​ဖျက်​ဆီး​ပစ်​ရန်​သန္နိ ဋ္ဌာန်​ချ​ကာ၊-

Isaiah 10:14ကမ္ဘာ​ပေါ်​ရှိ​တိုင်း​နိုင်​ငံ​တို့​သည်​ငှက်​သိုက်​နှင့် တူ​၍ ငါ​သည်​ထို​နိုင်​ငံ​တို့​၏​စည်း​စိမ်​ဥစ္စာ​ကို ငှက်​ဥ​များ​သ​ဖွယ်​လွယ်​ကူ​စွာ​သိမ်း​ယူ​ခဲ့ လေ​ပြီ။ အ​ဘယ်​သူ​မျှ​အ​တောင်​ကို​မ​ခတ်၊ ပါး​စပ်​ကို​မ​ဟ​ရဲ​ကြ​ဟု​ဝါ​ကြွား​လေ သည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 1 ဓမ္မရာဇဝင်တတိယစောင် 19:23

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 1 ဓမ္မရာဇဝင်တတိယစောင် 19:221 ဓမ္မရာဇဝင်တတိယစောင် 191 ဓမ္မရာဇဝင်တတိယစောင် 19:24 →