1 ဓမ္မရာဇဝင်တတိယစောင် 2:12
ဧလိရှဲသည်ထိုအခြင်းအရာကိုမြင်သဖြင့် ဧလိယအား``အို အကျွန်ုပ်၏အဖ၊ အို အကျွန်ုပ် ၏အဖ၊ တန်ခိုးကြီးမား၍ဣသရေလအမျိုး သားတို့ဘက်မှခုခံကာကွယ်သောအရှင်၊ ကိုယ် တော်သည်ထွက်ခွာသွားတော်မူပါပြီတကား'' ဟုဟစ်အော်၍ပြော၏။ ထိုနောက်သူသည်ဧလိယ ကိုတစ်ဖန်ပြန်၍မတွေ့မမြင်ရတော့ချေ။ ဧလိရှဲသည်ကြေကွဲဝမ်းနည်းသဖြင့် မိမိ၏ ဝတ်လုံကိုနှစ်ခြမ်းဆုတ်ဖြဲလိုက်၏။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 2
Cross References
Judges 17:10မိက္ခာကလည်း``အကျွန်ုပ်နှင့်အတူနေပါလော့။ အကျွန်ုပ်အားအကြံဉာဏ်ပေးသူ၊ အကျွန်ုပ်၏ ယဇ်ပုရောဟိတ်အဖြစ်ဖြင့်နေပါလော့။ သင့် အားတစ်နှစ်လျှင်ငွေဒင်္ဂါးတစ်ဆယ်နှင့်ဝတ်စုံ ကိုလည်းကောင်း၊ အစားအစာကိုလည်းကောင်း အကျွန်ုပ်ထောက်ပံ့ပါမည်'' ဟုဆိုလေသော်၊-
2 Kings 13:14ပရောဖက်ဧလိရှဲသည်ဝေဒနာစွဲ၍နေ၏။ သူ သည်အိပ်ရာပေါ်တွင်လဲလျက်သေအံ့ဆဲဆဲ ဖြစ်နေချိန်၌ ဣသရေလဘုရင်ယဟောရှ သည် သူ့အားကြည့်ရှုရန်လာရောက်ပြီးလျှင်``အ ကျွန်ုပ်၏အဖ၊ အကျွန်ုပ်၏အဖ၊ အရှင်သည် ကြီးမားသောတန်ခိုးစွမ်းအင်ဖြင့် ဣသရေလ ပြည်ကိုကာကွယ်သူဖြစ်ပါသည်တကား'' ဟု ငိုကြွေး၏။
Job 22:30အပြစ်မကင်းသောသူကိုပင် ကယ်နှုတ်တော်မူလိမ့်မည်။ သင်ပြုသောအမှု သန့်ရှင်းသောအားဖြင့် သူသည်ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်ဟုမြွက်ဆို၏။
Proverbs 30:4ကောင်းကင်ဘုံသို့ အဘယ်သူတက်သနည်း။ အဘယ်သူဆင်းလာသနည်း။ အဘယ်သူသည် လေကို မိမိလက်နှင့် ဆုပ်ထားသနည်း။ အဘယ်သူသည် ရေကို အဝတ်နှင့် ထုပ်ထားသနည်း။ မြေကြီးစွန်းရှိသမျှတို့ကို အဘယ်သူတည်စေသနည်း။ ထိုသို့ပြုသောသူ၏ အမည် နှင့်သူ၏သားအမည်ကား အဘယ်သို့နည်း။ သင်ပြော နိုင်သလော။
Ecclesiastes 9:16ထိုအခါ ငါဆိုသည်ကား၊ ပညာသည် ခွန်အားထက် သာ၍ ကောင်းမြတ်၏။ သို့သော်လည်း၊ ဆင်းရဲသောသူ၏ ပညာကို မထီမဲ့မြင်ပြုတတ်ကြ၏။ သူ၏စကားကို နား မထောင်တတ်ကြ။
Isaiah 37:15ထိုနောက်``ခမ်းနားတင့်တယ်သည့်ပလ္လင်ပေါ်တွင် စံတော်မူသော အို ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် ရှင်တစ်ပါးတည်းသာလျှင် ကမ္ဘာနိုင်ငံအရပ် ရပ်ကိုအစိုးရသောဘုရားဖြစ်တော်မူပါ ၏။ ကိုယ်တော်ရှင်သည်ကမ္ဘာမိုးမြေကိုဖန် ဆင်းတော်မူပါ၏။-