1 ဓမ္မရာဇဝင်တတိယစောင် 20:1
ထိုအချိန်ကာလ၌ပင်ဟေဇကိမင်းသည် သေလုမတတ်ဖျားနာ၏။ အာမုတ်၏သား ပရောဖက်ဟေရှာယသည် မင်းကြီးကိုလာ ရောက်ကြည့်ရှုပြီးနောက်``အရှင်သည်ပြန်လည် ကျန်းမာလာတော့မည်မဟုတ်သဖြင့် အရှင် နောက်ဆုံးမှာကြားရန်ရှိသည်တို့ကိုမှာကြား ခဲ့ရန် ထာဝရဘုရားမိန့်တော်မူပါ၏။ သို့ ဖြစ်၍သေရန်အသင့်ပြင်ပါလော့'' ဟုဆင့် ဆို၏။
Common Language Bible
In The King James Version
In Context
2ဟေဇကိသည် နံရံဘက်သို့မျက်နှာလှည့်လျက်၊-
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 20
Cross References
Deuteronomy 31:14ထို့နောက်ထာဝရဘုရားကမောရှေအား``သင် စုတေရသောအချိန်နီးလာပြီ။ ငါသည် ယောရှုအားညွှန်ကြားနိုင်ရန် သူ့ကိုပဋိညာဉ် တဲတော်သို့ခေါ်ခဲ့လော့'' ဟုမိန့်တော်မူ၏။ မောရှေနှင့်ယောရှုတို့သည်တဲတော်သို့သွား ကြရာ၊-
2 Samuel 17:23အဟိသောဖေလသည်မိမိပေးသည့် အကြံကိုမလိုက်ကြကြောင်းသိရှိသော အခါ မြည်းကိုကုန်းနှီးတင်၍မိမိနေရင်း မြို့သို့ပြန်လေ၏။ သူသည်မိမိ၏အမှု ကိစ္စအဝဝကိုစီစဉ်ဆောင်ရွက်ပြီးနောက် ကြိုးဆွဲချ၍သေလေ၏။ သူ့အလောင်းကို သက်ဆိုင်ရာဆွေမျိုးစုသင်္ချိုင်းတွင်သင်္ဂြိုဟ် ကြ၏။
2 Kings 1:16``ထာဝရဘုရားက`ဣသရေလပြည်တွင် ဗျာဒိတ်တော်ကိုမေးလျှောက်ရန် ဘုရားမရှိ သောကြောင့်ဧကြုန်မြို့၏ဘုရားဗာလဇေဗုပ် အားစုံစမ်းမေးမြန်းရန်သံတမန်တို့ကိုစေ လွှတ်ရသလော။ သို့ဖြစ်၍သင်သည်ပြန်လည် ကျန်းမာလာလိမ့်မည်မဟုတ်။ သေလိမ့်မည်' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆိုလေ၏။
2 Kings 19:20ထိုနောက်မင်းကြီး၏ပတ္ထနာကိုထာဝရ ဘုရားနားညောင်းတော်မူသဖြင့် ဟေဇကိ မင်းအတွက် ဟေရှာယမှတစ်ဆင့်ရောက် လာသောဗျာဒိတ်တော်မှာ၊-
Isaiah 38:1ထိုအချိန်ကာလလောက်၌ပင် ဟေဇကိမင်း သည်သေလုမတတ်ဖျားနာ၍လာ၏။ အာမုတ် ၏သားပရောဖက်ဟေရှာယသည်မင်းကြီး အားလာရောက်ကြည့်ရှုပြီးနောက်``အရှင်သည် ပြန်လည်ကျန်းမာလာတော့မည်မဟုတ်သ ဖြင့် အရှင်နောက်ဆုံးမှာကြားရန်ရှိသည်တို့ ကိုမှာကြားခဲ့ရန်ထာဝရဘုရားမိန့်တော် မူပါ၏။ သို့ဖြစ်၍နတ်ရွာစံရန်အသင့်ပြင် ပါလော့'' ဟုဆို၏။
Jonah 3:4ယောနသည်နိနေဝေမြို့သို့ရောက်၍မြို့တွင်း သို့တစ်နေ့ခရီးဝင်ပြီးနောက်``နိနေဝေမြို့ သည်အရက်လေးဆယ်ကြာသောအခါ ပျက်လိမ့်မည်'' ဟုကြေညာလေ၏။