Jonah 3:4
ယောနသည်နိနေဝေမြို့သို့ရောက်၍မြို့တွင်း သို့တစ်နေ့ခရီးဝင်ပြီးနောက်``နိနေဝေမြို့ သည်အရက်လေးဆယ်ကြာသောအခါ ပျက်လိမ့်မည်'' ဟုကြေညာလေ၏။
Common Language Bible
In The King James Version
In Context
Cross References
2 Kings 20:1ထိုအချိန်ကာလ၌ပင်ဟေဇကိမင်းသည် သေလုမတတ်ဖျားနာ၏။ အာမုတ်၏သား ပရောဖက်ဟေရှာယသည် မင်းကြီးကိုလာ ရောက်ကြည့်ရှုပြီးနောက်``အရှင်သည်ပြန်လည် ကျန်းမာလာတော့မည်မဟုတ်သဖြင့် အရှင် နောက်ဆုံးမှာကြားရန်ရှိသည်တို့ကိုမှာကြား ခဲ့ရန် ထာဝရဘုရားမိန့်တော်မူပါ၏။ သို့ ဖြစ်၍သေရန်အသင့်ပြင်ပါလော့'' ဟုဆင့် ဆို၏။
Jeremiah 18:7အကယ်၍ငါသည်အဘယ်အခါ၌မဆိုဤ မည်သောလူမျိုးကိုသော်လည်းကောင်း၊ ဤမည် သောတိုင်းပြည်ကိုသော်လည်းကောင်းနုတ်ပယ် ဖြိုချဖျက်ဆီးတော်မူမည်ဟုဆိုပြီးနောက်၊-
Jonah 3:10ဘုရားသခင်သည်ထိုသူတို့၏ပြုမူပုံ ကိုလည်းကောင်း၊ မကောင်းမှုများကိုစွန့် ပယ်လိုက်ပုံကိုလည်းကောင်းမြင်တော်မူ သောအခါ စိတ်တော်ပြောင်းလဲလျက်မိန့် မြွက်တော်မူသည့်အတိုင်းသူတို့အား ဒဏ်ခတ်တော်မမူတော့ပေ။