1 ဓမ္မရာဇဝင်တတိယစောင် 20:5
``ငါထာဝရဘုရား၏လူမျိုးတော်ကို အစိုး ရသူဟေဇကိမင်းထံသို့ပြန်သွား၍`သင်၏ ဘိုးတော်ဒါဝိဒ်၏ဘုရားသခင်၊ ငါထာဝရ ဘုရားသည် သင်၏ပတ္ထနာကိုကြားတော်မူ၍ သင်၏မျက်ရည်ကိုမြင်တော်မူပြီ။ ငါသည် သင်၏အနာရောဂါကိုပျောက်ကင်းစေမည် ဖြစ်၍ သင်သည်သုံးရက်ကြာသော်ဗိမာန် တော်သို့သွားနိုင်လိမ့်မည်။-
Common Language Bible
In The King James Version
In Context
4ဟေရှာယသည်မင်းကြီးထံမှထွက်ခွာသွား ရာ နန်းတော်အလယ်ဝင်းကိုမဖြတ်မီဟေ ရှာယထံသို့၊-
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 20
Cross References
Exodus 3:9ဣသရေလအမျိုးသားတို့၏အော်ဟစ်သံ ကိုငါကြားရပြီ။ သူတို့အားအီဂျစ်အမျိုး သားတို့ရက်စက်စွာညှင်းဆဲပုံကိုလည်းငါ မြင်ရပြီ။-
Deuteronomy 32:39`` `ငါတစ်ဆူတည်းသာလျှင်ဘုရားဖြစ် တော်မူ၏။ ငါသာလျှင်စစ်မှန်သောဘုရားဖြစ်၏။ ငါသည်အသက်ကိုရုပ်သိမ်းပိုင်၏။ အသက်ကိုပေးပိုင်၏။ ငါသည်ဒဏ်ရာရစေနိုင်၏။ ဒဏ်ရာကိုပျောက်ကင်းစေနိုင်၏။
1 Samuel 9:16``နက်ဖြန်ဤအချိန်လောက်၌ဗင်္ယာမိန်အနွယ် ဝင်လူတစ်ယောက်ကို သင့်ထံသို့ငါစေလွှတ် လိုက်မည်။ သူ့အားဣသရေလအမျိုးသား တို့၏ဘုရင်အဖြစ်ဘိသိက်ပေးလော့။ သူသည် ငါ၏လူမျိုးတော်ကိုဖိလိတ္တိအမျိုးသား တို့၏ဘေးမှကာကွယ်စောင့်ရှောက်လိမ့်မည်။ ငါသည်မိမိလူမျိုးတော်၏ဆင်းရဲဒုက္ခကို မြင်ရပြီ။ သူတို့ဟစ်အော်၍အကူအညီ တောင်းခံသံများကိုလည်းကြားရပြီ'' ဟု မိန့်တော်မူ၏။
2 Samuel 5:2အတိတ်ကာလ၌ရှောလုဘုရင်ဖြစ်စဉ်အခါ ကအရှင်သည် ဣသရေလအမျိုးသားအပေါင်း တို့အားဦးစီးခေါင်းဆောင်ပြု၍စစ်ပွဲဝင်ခဲ့ ပါ၏။ ထာဝရဘုရားကလည်း`သင်သည်ငါ ၏လူမျိုးတော်ကိုခေါင်းဆောင်ရမည်။ သူတို့၏ ဘုရင်ဖြစ်ရမည်' ဟုအရှင့်အားမိန့်တော်မူ ခဲ့ပါ၏'' ဟုလျှောက်ကြ၏။-
1 Kings 9:3ထာဝရဘုရားက``ငါသည်သင်၏ဆုတောင်း ပတ္ထနာကိုကြားတော်မူပြီ။ သင်ဆောက်လုပ်သည့် ဤဗိမာန်တော်ကိုငါ့အားထာဝစဉ်ဝတ်ပြု ကိုးကွယ်ရာဌာနတော်အဖြစ်ငါသီးသန့်၍ ထား၏။ ဤဗိမာန်တော်ကိုအခါခပ်သိမ်း ငါကြည့်ရှုစောင့်ရှောက်မည်။-
2 Kings 20:7ဟေရှာယသည်မင်းကြီး၏အစေခံတို့ အား``အရှင်၏အနာစိမ်းကိုသင်္ဘောသဖန်း သီးဖြင့်အုံ၍ထားပါ။ ထိုအနာသည်သက် သာပျောက်ကင်းသွားပါလိမ့်မည်'' ဟုပြော၏။-