1 ဓမ္မရာဇဝင်တတိယစောင် 23:26
သို့သော်မနာရှေမင်းပြုခဲ့သည့်အပြစ်များ ကြောင့် ထာဝရဘုရားသည် ယုဒပြည်ကို ပြင်းစွာအမျက်ထွက်လျက်ရှိရာယခုတိုင် အောင်ပင်အမျက်တော်မပြေချေ။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 23
Cross References
2 Kings 22:13``သင်တို့သည်ထာဝရဘုရားထံတော်သို့ သွား၍ ငါနှင့်ယုဒပြည်သူလူအပေါင်းတို့ အတွက် ဤကျမ်းစောင်တွင်ပါရှိသည့်သွန် သင်ချက်များအကြောင်းကိုမေးလျှောက်ကြ လော့။ ငါတို့၏ဘိုးဘေးများသည် ဤကျမ်း စောင်တွင်ပါရှိသည့်ပြဋ္ဌာန်းချက်များကို မလိုက်နာမပြုကျင့်ကြသဖြင့် ထာဝရ ဘုရားသည်ငါတို့အားအမျက်ထွက်တော် မူပြီ'' ဟုမိန့်တော်မူ၏။
2 Kings 24:2ထာဝရဘုရားသည်မိမိ၏အစေခံပရော ဖက်များအားဖြင့် မိန့်တော်မူခဲ့သည့်အတိုင်း ယုဒပြည်ကိုဖျက်ဆီးရန် ဗာဗုလုန်၊ ရှုရိ၊ မောဘနှင့်အမ္မုန်တပ်သားများကိုစေလွှတ် တော်မူ၏။-
2 Chronicles 36:16သို့ရာတွင်သူတို့သည်ဘုရားသခင်၏စေတမန် တို့အားပြက်ရယ်ပြု၍ အမိန့်တော်ကိုနားမထောင် ကြ။ ပရောဖက်တို့အားပြောင်လှောင်ကြ၏။ သို့ ဖြစ်၍နောက်ဆုံး၌ထာဝရဘုရားသည်ပြင်း စွာအမျက်ထွက်တော်မူသဖြင့် သူတို့အား ချမ်းသာမပေးတော့ချေ။
Jeremiah 15:1ထိုနောက်ထာဝရဘုရားက ငါ့အား``အကယ် ၍မောရှေနှင့်ရှမွေလတို့ဤတွင်ရပ်လျက် ငါ့ အားတောင်းပန်လျှောက်လဲကြစေကာမူ ငါ သည်ဤသူတို့အားကရုဏာပြလိမ့်မည် မဟုတ်။ သူတို့အားငါ၏ရှေ့မှောက်မှထွက် ခွာသွားစေရန်နှင်ထုတ်လော့။-