bible.software › 1 ဓမ္မရာဇဝင်တတိယစောင် › 1 ဓမ္မရာဇဝင်တတိယစောင် 3 › 1 ဓမ္မရာဇဝင်တတိယစောင် 3:24
1 ဓမ္မရာဇဝင်တတိယစောင် 3:24
သို့ရာတွင်ထိုတပ်စခန်းသို့သူတို့ရောက်ရှိလာ ကြသောအခါ ဣသရေလအမျိုးသားတို့က သူတို့အားတိုက်ခိုက်နှင်ထုတ်ကြလေသည်။ ဣသရေလအမျိုးသားတို့သည်မောဘပြည် သားတို့အား ဆက်လက်လိုက်လံသတ်ဖြတ်ပြီး လျှင်သူတို့၏မြို့များကိုဖျက်ဆီးကြ၏။-
Common Language Bible
In The King James Version
And when they came to the camp of Israel, the Israelites rose up and smote the Moabites, so that they fled before them: but they went forward smiting the Moabites, even in their country.
In Context
23မောဘပြည်သားတို့က``သွေးတွေပါတကား။ ရန်သူ့ တပ်မတော်သုံးခုသည်အချင်းချင်းတိုက်ခိုက်သတ် ဖြတ်ကြလေပြီ။ ငါတို့သွား၍သူတို့၏တပ်စခန်း ကိုလုယက်ကြကုန်အံ့'' ဟုကြွေးကြော်ကြ၏။
25မြေကောင်းမြေသန့်ကိုတွေ့ရှိသည့်အခါတိုင်း ဣသရေလအမျိုးသားတို့သည်ကိုယ်စီကိုယ်ငှ ကျောက်ခဲတစ်လုံးစီပစ်ချကြသဖြင့် နောက်ဆုံး ၌ထိုမြေတို့ကိုကျောက်ခဲများဖြင့်ဖုံးအုပ်စေ ကြ၏။ စမ်းရေတွင်းရှိသမျှကိုလည်းပိတ်ဆို့၍ သစ်သီးပင်များကိုလည်းခုတ်လှဲကြ၏။ နောက် ဆုံး၌ကိရဟရက်မြို့တော်သာလျှင်ကျန်တော့ သဖြင့် လောက်လွှဲတပ်သားတို့သည်ထိုမြို့ကို ဝိုင်းရံတိုက်ခိုက်ကြ၏။
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 3
Cross References
Judges 20:40ထိုအချိန်၌မီးခိုးလုံးကြီးတစ်ခုသည်မြို့ထဲ မှတက်စပြုပြီဖြစ်၍ အချက်ပြအမှတ်လက္ခ ဏာပေါ်လာလေသည်။ ဗင်္ယာမိန်အမျိုးသားတို့ သည်နောက်သို့လှည့်၍ကြည့်လိုက်သောအခါ မြို့တစ်မြို့လုံးမီးလျှံတောက်နေသည်ကိုမြင် သဖြင့်အံ့အားသင့်၍သွားကြ၏။-
1 Thessalonians 5:3``အန္တရာယ်ကင်းလျက်သာယာသည်'' ဟုလူတို့ ပြောဆိုကြသောအခါ၌ကိုယ်ဝန်ဆောင်အမျိုး သမီးအပေါ်သို့သားဖွားခြင်းဝေဒနာရုတ် တရက်ကျရောက်လာသကဲ့သို့ လူတို့အပေါ် သို့ဘေးအန္တရာယ်ကျရောက်လာလိမ့်မည်။-
This Verse In Other Editions
Study 1 ဓမ္မရာဇဝင်တတိယစောင် 3:24