1 ဓမ္မရာဇဝင်တတိယစောင် 3:25
မြေကောင်းမြေသန့်ကိုတွေ့ရှိသည့်အခါတိုင်း ဣသရေလအမျိုးသားတို့သည်ကိုယ်စီကိုယ်ငှ ကျောက်ခဲတစ်လုံးစီပစ်ချကြသဖြင့် နောက်ဆုံး ၌ထိုမြေတို့ကိုကျောက်ခဲများဖြင့်ဖုံးအုပ်စေ ကြ၏။ စမ်းရေတွင်းရှိသမျှကိုလည်းပိတ်ဆို့၍ သစ်သီးပင်များကိုလည်းခုတ်လှဲကြ၏။ နောက် ဆုံး၌ကိရဟရက်မြို့တော်သာလျှင်ကျန်တော့ သဖြင့် လောက်လွှဲတပ်သားတို့သည်ထိုမြို့ကို ဝိုင်းရံတိုက်ခိုက်ကြ၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 3
Cross References
Genesis 26:18အာဗြဟံလက်ထက်ကတူးဖော်ခဲ့၍အာဗြဟံ ကွယ်လွန်ပြီးနောက် ဖိလိတ္တိအမျိုးသားတို့မြေဖို့ ခဲ့ကြသောရေတွင်းများကို သူသည်တစ်ဖန်တူး ဖော်၍ထိုရေတွင်းများကိုသူ၏ဖခင်မှည့်ခေါ် သောနာမည်များဖြင့်မှည့်ခေါ်လေ၏။-
Deuteronomy 20:19``သင်တို့သည်မြို့တစ်မြို့ကို ကြာမြင့်စွာတပ် ချဝိုင်းထားရသည့်အခါအသီးပင်များ ကိုမခုတ်လှဲရ။ အသီးကိုစားနိုင်သည်။ ထို အပင်များသည်သင်တို့၏ရန်သူများမဟုတ် သဖြင့်မဖျက်ဆီးနှင့်။-
2 Samuel 8:2ထိုနောက်မင်းကြီးသည်မောဘပြည်သား တို့ကိုနှိမ်နင်းတော်မူ၍ ဖမ်းဆီးရမိသူတို့ အား မြေပေါ်တွင်လှဲချစေပြီးလျှင် သုံးပုံ နှစ်ပုံမျှသောသူတို့ကိုသတ်စေ၏။ သို့ဖြစ် ၍မောဘပြည်သားတို့သည်ဒါဝိဒ်၏လက် အောက်ခံဖြစ်လာ၍အခွန်ဆက်သရ ကြ၏။
Isaiah 16:7မောဘပြည်သူတို့သည်မိမိတို့ခံရသည့် ဆင်းရဲဒုက္ခများအတွက်ငိုယိုကြလိမ့်မည်။ ကိရဟရက်မြို့တွင်မိမိတို့စားခဲ့ရဖူး သည့်ကောင်းသောအစားအစာများကို ပြန်လည်သတိရသောအခါသူတို့အား လုံးပင်ငိုယိုကြလိမ့်မည်။ စိတ်ပျက်အား ငယ်လျက်နေကြလိမ့်မည်။-
Isaiah 37:26``ရှေးမဆွကပင်လျှင်ဤအမှုအရာများ ကို ငါစီမံခန့်ခွဲထားခဲ့ကြောင်းသင်အဘယ် ၌မျှမကြားဘူးပါသလော။ ယခုထိုအမှု အရာတို့ကိုငါဖြစ်ပွားစေလေပြီ။ ခံတပ် မြို့များကိုအမှိုက်ပုံအဖြစ်သို့ပြောင်းလဲ ပစ်နိုင်သောတန်ခိုးကိုသင့်အားငါပေးအပ် ခဲ့၏။-