1 ဓမ္မရာဇဝင်တတိယစောင် 3:7
ယုဒဘုရင်ယောရှဖတ်ထံသို့သံတမန်စေ လွှတ်၍``မောဘမင်းသည်အကျွန်ုပ်ကိုပုန်ကန် လေပြီ။ သို့ဖြစ်၍သူ့အားတိုက်ခိုက်ရန်အဆွေ တော်သည် အကျွန်ုပ်နှင့်အတူစစ်ပွဲဝင်ပါ မည်လော'' ဟုမေးမြန်း၏။ ယောရှဖတ်က``ကျွန်ုပ်ဝင်ပါမည်။ ကျွန်ုပ်သည် အဆွေတော်ခိုင်းရာကိုပြုရန်အသင့်ရှိပါ သည်။ ကျွန်ုပ်၏စစ်သည်တော်များ၊ မြင်းများ သည်လည်းအဆွေတော်၏စစ်သည်၊ မြင်းများ ကဲ့သို့ဖြစ်ပါ၏။-
Common Language Bible
In The King James Version
In Context
6ယောရံမင်းသည်ချက်ချင်းပင်ရှမာရိမြို့မှ ထွက်၍ စစ်သည်တော်တို့ကိုစုရုံး၏။-
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 3
Cross References
1 Kings 22:4ထို့နောက်အာဟပ်သည်ယောရှဖတ်အား``အဆွေ တော်သည်ရာမုတ်မြို့ကိုတိုက်ရန်ကျွန်ုပ်နှင့်အတူ ချီတက်မည်လော'' ဟုမေး၏။ ယောရှဖတ်က``အဆွေတော်အဆင်သင့်ရှိလျှင် ကျွန်ုပ်လည်းအဆင်သင့်ရှိပါ၏။ ကျွန်ုပ်၏စစ်သည် တော်များနှင့်မြင်းစီးသူရဲများသည်လည်း အဆင်သင့်ရှိပါသည်။-
2 Chronicles 18:3သူက``အဆွေတော်သည်ရာမုတ်မြို့ကိုတိုက် ခိုက်ရန်ကျွန်ုပ်နှင့်အတူလိုက်မည်လော'' ဟု မေး၏။ ယောရှဖတ်က``အဆွေတော်အဆင်သင့်ရှိ ချိန်၌ကျွန်ုပ်လည်းအဆင်သင့်ရှိပါ၏။ ကျွန်ုပ်၏တပ်မတော်သည်လည်းထိုနည်းတူ ပင်ဖြစ်ပါ၏။ ကျွန်ုပ်တို့သည်သင်နှင့်အတူ လိုက်ပါမည်'' ဟုပြန်ပြောတော်မူ၏။-
2 Chronicles 19:2ဟာနန်၏သားပရောဖက်ယေဟုသည်မင်းကြီး ထံသို့သွား၍``ဘုရင်မင်းသည်သူယုတ်မာတို့ကို ကူညီမစအပ်ပါသလော။ ထာဝရဘုရားကို မုန်းသူတို့နှင့်မိတ်ဆွေဖွဲ့အပ်ပါသလော။ ယင်း အမှုတို့ကြောင့်ထာဝရဘုရား၏အမျက်တော် သည် ဘုရင်မင်း၏အပေါ်သို့သက်ရောက်လေ ပြီ။-
2 Chronicles 22:3မယ်တော်ကမကောင်းသောအကြံဉာဏ်များ ကိုပေးသဖြင့် အာခဇိသည်အာဟပ်မင်းအိမ် ထောင်စုသားတို့၏လမ်းစဉ်ကိုလိုက်လေသည်။-