2 ဓမ္မရာဇဝင်တတိယစောင် 22:4
ထို့နောက်အာဟပ်သည်ယောရှဖတ်အား``အဆွေ တော်သည်ရာမုတ်မြို့ကိုတိုက်ရန်ကျွန်ုပ်နှင့်အတူ ချီတက်မည်လော'' ဟုမေး၏။ ယောရှဖတ်က``အဆွေတော်အဆင်သင့်ရှိလျှင် ကျွန်ုပ်လည်းအဆင်သင့်ရှိပါ၏။ ကျွန်ုပ်၏စစ်သည် တော်များနှင့်မြင်းစီးသူရဲများသည်လည်း အဆင်သင့်ရှိပါသည်။-
Common Language Bible
In The King James Version
In Context
5သို့ရာတွင်ဤကိစ္စကိုထာဝရဘုရားအားဦး စွာမေးမြန်းလျှောက်ထားပါလော့'' ဟုဆို၏။
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 22
Cross References
2 Kings 3:7ယုဒဘုရင်ယောရှဖတ်ထံသို့သံတမန်စေ လွှတ်၍``မောဘမင်းသည်အကျွန်ုပ်ကိုပုန်ကန် လေပြီ။ သို့ဖြစ်၍သူ့အားတိုက်ခိုက်ရန်အဆွေ တော်သည် အကျွန်ုပ်နှင့်အတူစစ်ပွဲဝင်ပါ မည်လော'' ဟုမေးမြန်း၏။ ယောရှဖတ်က``ကျွန်ုပ်ဝင်ပါမည်။ ကျွန်ုပ်သည် အဆွေတော်ခိုင်းရာကိုပြုရန်အသင့်ရှိပါ သည်။ ကျွန်ုပ်၏စစ်သည်တော်များ၊ မြင်းများ သည်လည်းအဆွေတော်၏စစ်သည်၊ မြင်းများ ကဲ့သို့ဖြစ်ပါ၏။-
2 Chronicles 19:2ဟာနန်၏သားပရောဖက်ယေဟုသည်မင်းကြီး ထံသို့သွား၍``ဘုရင်မင်းသည်သူယုတ်မာတို့ကို ကူညီမစအပ်ပါသလော။ ထာဝရဘုရားကို မုန်းသူတို့နှင့်မိတ်ဆွေဖွဲ့အပ်ပါသလော။ ယင်း အမှုတို့ကြောင့်ထာဝရဘုရား၏အမျက်တော် သည် ဘုရင်မင်း၏အပေါ်သို့သက်ရောက်လေ ပြီ။-
Proverbs 13:20ပညာရှိတို့နှင့်ပေါင်းဘော်သောသူသည် ပညာ ရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဘော်သောသူမူကား၊ ပျက်စီးတတ်၏။
2 Corinthians 6:16ဘုရားသခင်၏ဗိမာန်တော်သည်ရုပ်တုများ နှင့်မည်သို့သဘောတူညီချက်ရှိနိုင်ပါအံ့ နည်း။ ငါတို့သည်အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။ ဘုရားသခင်က၊ ``ငါသည်ငါ၏လူစုတော်တွင်ကျိန်းဝပ်မည်။ သူတို့ထံတွင်စံတော်မူမည်။ ငါသည်သူတို့၏ဘုရားဖြစ်၍သူတို့သည် လည်း ငါ၏လူစုတော်ဖြစ်လိမ့်မည်''
2 John 1:11အဘယ်ကြောင့်ဆိုသော်ထိုသူအားနှုတ်ခွန်း ဆက်သူသည်ထိုသူနှင့်အပေါင်းအပါဖြစ်၍ ဆိုးယုတ်မှုကိုပြုကျင့်ရာရောက်သောကြောင့် တည်း။