1 ဓမ္မရာဇဝင်တတိယစောင် 3:9
သို့ဖြစ်၍ဣသရေလဘုရင်၊ ယုဒဘုရင်နှင့်ဧဒုံ ဘုရင်တို့သည်ထွက်ခွာသွားကြရာ ခုနစ်ရက်မျှ ကြာသောအခါတပ်သားများအတွက်သော် လည်းကောင်း၊ ဝန်တင်တိရစ္ဆာန်များအတွက်သော် လည်းကောင်းသောက်သုံးရန်ရေကုန်သွားသဖြင့်၊-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 3
Cross References
Exodus 11:8ထိုအခါသင်၏မှူးမတ်တို့သည်ကျွန်ုပ်ထံသို့ လာ၍ပျပ်ဝပ်လျက်`သင်နှင့်သင်၏လူစုအပေါင်း တို့ထွက်သွားကြပါ' ဟုရှိခိုးတောင်းပန်ကြ လိမ့်မည်။ ထိုနောက်မှကျွန်ုပ်ထွက်သွားပါမည်'' ဟုလျှောက်လေ၏။ ထိုနောက်မောရှေသည် ဒေါသအမျက်ထွက်လျက်ဘုရင်ထံမှ ထွက်သွားလေ၏။
Exodus 17:1ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား၏အမိန့်တော်အတိုင်းသိန် ဟုခေါ်သောတောကန္တာရမှထွက်၍ စခန်း တစ်ထောက်ပြီးတစ်ထောက်နားလျက်ခရီး သွားကြ၏။ သူတို့သည်ရေဖိဒိမ်အရပ်သို့ ရောက်၍စခန်းချကြ၏။ သို့ရာတွင်ထို အရပ်၌သောက်စရာရေမရှိ။-
Numbers 20:4အကျွန်ုပ်တို့၏တိရစ္ဆာန်များနှင့်အတူသေ ကြေပျက်စီးစေခြင်းငှာ သင်တို့သည်အကျွန်ုပ် တို့အားဤတောကန္တာရသို့အဘယ်ကြောင့် ခေါ်ဆောင်ခဲ့ပါသနည်း။-
Numbers 33:14တစ်ဖန်ခရီးဆက်ကြရာလူတို့အတွက် သောက်ရေမရှိသောရေဖိဒိမ်စခန်းသို့ ရောက်ကြ၏။
1 Kings 22:27သူ့အားထောင်သွင်းအကျဉ်းချကာကောင်း မွန်ချောမောစွာ ငါပြန်လည်ရောက်ရှိလာချိန် တိုင်အောင်မုန့်နှင့်ရေကိုသာကျွေးမွေးထား ရန်သူတို့အားမှာကြားလော့'' ဟုအမိန့် ပေးတော်မူ၏။
1 Kings 22:48ယောရှဖတ်မင်းသည်သြဖိရပြည်မှရွှေကိုယူ ဆောင်ရန် ပင်လယ်ကူးသင်္ဘောများကိုတည်ဆောက် စေသော်လည်း ထိုသင်္ဘောတို့သည်ဧဇယုန်ဂါဗာ မြို့တွင်ပျက်သွားသဖြင့်သင်္ဘောမလွှင့်ရကြချေ။-