1 ဓမ္မရာဇဝင်တတိယစောင် 4:20
အစေခံသည်လည်းသူငယ်ကိုချီ၍ သူ၏မိခင် ထံသို့ပို့၏။ မိခင်သည်သားငယ်ကိုမွန်းတည့်ချိန် တိုင်အောင် မိမိ၏ပေါင်ပေါ်တွင်တင်ထား၏။ ထို အချိန်၌သူငယ်သေဆုံးသွားလေသည်။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 4
Cross References
Genesis 22:2ထိုအခါဘုရားသခင်က``သင်အလွန်ချစ်သော သင်၏တစ်ဦးတည်းသောသားဣဇာက်ကိုခေါ်ဆောင် ၍မောရိပြည်သို့သွားလော့။ ထိုအရပ်တွင်ငါပြ မည့်တောင်ပေါ်၌သူ့ကိုယဇ်ကောင်အဖြစ်ဖြင့် ငါ့အားပူဇော်လော့'' ဟုအမိန့်ပေးတော် မူ၏။
Genesis 37:5တစ်ခါကယောသပ်သည် အိပ်မက်မြင်မက်သ ဖြင့်အစ်ကိုတို့အားထိုအိပ်မက်အကြောင်း ကိုပြောပြသောအခါ သူတို့သည်ပို၍ပင် ရွံမုန်းကြ၏။-
Isaiah 49:15ထာဝရဘုရားက ``မိခင်တစ်ဦးသည်မိမိ၏ရင်ခွင်မှရင် သွေးငယ်ကို မေ့လျော့နိုင်ပါမည်လော။ မိမိကိုယ်ဝန်ဆောင်ခဲ့သောကလေးကိုမချစ်ဘဲ နေနိုင်ပါမည်လော။ မိခင်ဖြစ်သူသည်ကလေးငယ်ကိုမေ့လျော့သည် ဆိုစေဦး၊ ငါသည်သင်တို့ကိုအဘယ်အခါ၌မျှမေ့လျော့ လိမ့်မည်မဟုတ်။
Ezekiel 24:16ကိုယ်တော်က``အချင်းလူသား၊ သင်အချစ်ဆုံးသော သူကိုငါသည်ရုတ်တရက်ရုပ်သိမ်းမည်။ သင်သည် မညည်းညူရ။ မငိုရ။ မျက်ရည်မကျရ။-
Luke 7:12မြို့တံခါးအနီးသို့ကိုယ်တော်ရောက်ချိန်၌ လူတို့ သည်မုဆိုးမတစ်ယောက်၏တစ်ဦးတည်းသော သား၏အလောင်းကိုသင်္ဂြိုဟ်ရန် မြို့ပြင်သို့ထုတ် ဆောင်လာကြ၏။ ထိုမုဆိုးမနှင့်အတူမြို့သူ မြို့သားတို့သည်လိုက်ပို့ကြ၏။-
John 11:5သခင်ယေရှုသည်မာသနှင့်ညီမမာရိကို လည်းကောင်း၊ လာဇရုကိုလည်းကောင်းချစ် တော်မူ၏။-