1 ဓမ္မရာဇဝင်တတိယစောင် 5:16
ဧလိရှဲက``ငါသည်လက်ဆောင်ကိုလက်ခံမည် မဟုတ်ကြောင်း ငါကိုးကွယ်သည့်အသက်ရှင်တော် မူသောထာဝရဘုရားကိုတိုင်တည်ပြော၏'' ဟု ဆို၏။ နေမန်သည်ဧလိရှဲအားလက်ဆောင်ကိုလက်ခံ ပါရန် အကြိမ်ကြိမ်တိုက်တွန်းသော်လည်းဧလိရှဲ သည်လက်မခံဘဲနေ၏။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 5
Cross References
Genesis 14:22ထိုအခါအာဗြံက``သင်၏ဥစ္စာဟူ၍အပ်ချည် တစ်မျှင်၊ ခြေနင်းကြိုးတစ်စကိုမျှငါမယူလို။ သို့မှသာလျှင်အာဗြံအားကြွယ်ဝချမ်းသာစေ သောသူကား ငါပင်ဖြစ်၏ဟုသင်မဆိုနိုင်။ ငါ့ အတွက်မည်သည့်ပစ္စည်းတစ်စုံတစ်ခုကိုမျှ မယူ။ ငါ၏လူများသုံးစွဲပြီးသမျှတို့ကို သာ ငါယူသည်ဟုထင်မှတ်ပါလော့။ သို့ရာတွင် ငါ၏မဟာမိတ်များဖြစ်ကြသောအာနေရ၊ ဧရှကောလနှင့်မံရေတို့ကိုမူကားသူတို့ ၏ဝေစုကိုခွဲယူကြပါစေ။ ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းတော်မူသော အမြင့်ဆုံး သောထာဝရအရှင်ဘုရားသခင်ကိုတိုင် တည်၍ ငါမြွက်ဆိုပါသည်'' ဟုဖြေကြား လေ၏။
1 Kings 13:8ပရောဖက်ကလည်း``ဘုရင်မင်း၏စည်းစိမ်ဥစ္စာ တစ်ဝက်ကိုပင်ပေးသော်လည်းငါမလိုက်လိုပါ။ အဘယ်အစားအစာကိုမျှမစားလိုပါ။-
1 Kings 18:15ဧလိယက``ငါသည်ယနေ့မင်းကြီး၏ရှေ့တော် သို့ဝင်မည်ဖြစ်ကြောင်း ငါကိုးကွယ်သောအနန္တ တန်ခိုးရှင်ထာဝရဘုရားကိုတိုင်တည်၍ ကတိပြုပါ၏'' ဟုဆို၏။
2 Kings 5:20ဧလိရှဲ၏အစေခံဂေဟာဇိက``ငါ့သခင်သည် နေမန်ထံမှအဘယ်အရာကိုမျှမယူဘဲ သူ့ အားထွက်ခွာသွားခွင့်ပြုလေပြီတကား။ သခင် သည်ရှုရိအမျိုးသားပေးလှူသည့်ပစ္စည်းများ ကိုလက်ခံသင့်သည်။ ငါသည်နေမန်၏နောက်သို့ ပြေး၍လိုက်ပြီးလျှင် သူ့ထံမှပစ္စည်းတစ်စုံတစ် ရာကိုရအောင်ယူမည်ဖြစ်ကြောင်း အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုပါ၏'' ဟုတစ်ကိုယ်တည်းပြောဆိုကာ၊-
Daniel 5:17ဒံယေလက``အရှင်၏ဆုတော်လာဘ်တော် တို့ကို ကိုယ်တော်ထံတော်၌သာထားရှိတော် မူပါ။ သို့မဟုတ်အခြားသူတစ်စုံတစ် ယောက်အားချီးမြှင့်တော်မူပါ။ သို့ရာတွင် အကျွန်ုပ်သည်ထိုစာတန်းကိုဖတ်၍ အနက် ကိုအရှင့်အားလျှောက်ထားပါမည်။
Acts 8:18ဤသို့တမန်တော်တို့၏လက်တင်ခြင်းကို ခံရသောအားဖြင့် ထိုသူတို့သည်သန့်ရှင်းသော ဝိညာဉ်တော်ကိုခံယူရရှိကြောင်းကိုရှိမုန် မြင်လျှင်``အကျွန်ုပ်လက်တင်သောသူသည် သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူရရှိစေ နိုင်သောတန်ခိုးကိုအကျွန်ုပ်အားလည်းပေး ပါ'' ဟုဆိုကာတမန်တော်တို့အားငွေကို ပေး၏။