1 ဓမ္မရာဇဝင်တတိယစောင် 6:16
ဧလိရှဲက``မစိုးရိမ်နှင့်။ ငါတို့ဘက်၌ရှိနေ သူတို့သည် သူတို့ဘက်၌ရှိနေသူတို့ထက် ပိုမိုများပြား၏'' ဟုဆို၏။-
Common Language Bible
In The King James Version
And he answered, Fear not: for they that be with us are more than they that be with them.
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 6
Cross References
Exodus 14:13ထိုအခါမောရှေက``မကြောက်ကြနှင့်။ ကြံ့ ကြံ့ခိုင်ခိုင်ရှိစေကြလော့။ ထာဝရဘုရား သည်ယနေ့တွင် သင်တို့အားမည်ကဲ့သို့ကယ် တင်တော်မူမည်ကိုမြင်ရလိမ့်မည်။ သင်တို့ ယနေ့မြင်ရသောအီဂျစ်အမျိုးသားတို့ ကို နောင်မည်သည့်အခါမျှမြင်ရလိမ့်မည် မဟုတ်။-
2 Chronicles 16:9ထာဝရဘုရားသည်မိမိအားသစ္စာစောင့် သူတို့အားတန်ခိုးစွမ်းရည်ကိုပေးတော်မူရန် ကမ္ဘာတစ်ဝှမ်းလုံးကိုသေချာစွာကြည့်လျက် နေတော်မူ၏။ ဘုရင်မင်းသည်မိုက်မဲစွာပြု ခဲ့သည်ဖြစ်၍ ယခုမှစ၍အစဉ်စစ်ဖြစ် လျက်နေရလိမ့်မည်'' ဟုဆင့်ဆို၏။-
Psalms 3:6မိမိပတ်လည်တွင်ဝိုင်းရံလျက်ရှိသော ရန်သူထောင်သောင်းများစွာတို့ကို ငါသည်မကြောက်။
Psalms 27:3စစ်တပ်တစ်တပ်လုံးပင်ငါ့ကိုဝိုင်းရံထားစေကာမူ ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။ အကယ်၍ငါ၏ရန်သူများကပင်လျှင် ငါ့ကိုတိုက်ခိုက်စေကာမူငါသည် ထာဝရဘုရားအားကိုးစားမည်။
Psalms 46:11အနန္တတန်ခိုးရှင်ဘုရားသခင်သည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသည်ငါတို့ခိုလှုံရာဖြစ် တော်မူ၏။
Psalms 118:11သူတို့သည်အဘက်ဘက်မှငါ့ကိုဝိုင်းရံလျက် နေကြသော်လည်း ငါသည်ထာဝရဘုရား၏တန်ခိုးတော် အားဖြင့် သူတို့ကိုသုတ်သင်ဖျက်ဆီးပစ်၏။