1 ဓမ္မရာဇဝင်တတိယစောင် 6:17
ထိုနောက်သူသည်``အို ထာဝရဘုရား၊ ဤသူ၏ မျက်စိကိုဖွင့်တော်မူပါ'' ဟုဆုတောင်းသည် အတိုင်းထာဝရဘုရားသည်ထိုသူ၏မျက်စိ ကိုဖွင့်တော်မူသဖြင့် သူသည်ဧလိရှဲ၏ပတ် လည်တောင်ကုန်းပေါ်၌ မီးမြင်းများနှင့်မီး စစ်ရထားများပြည့်နှက်လျက်နေသည်ကို မြင်လေ၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 6
Cross References
Genesis 32:3ယာကုပ်သည်ဧဒုံပြည်တွင်ရှိသောသူ၏အစ် ကိုဧသောထံသို့ စေတမန်များကိုရှေ့ပြေး အဖြစ်စေလွှတ်လေ၏။-
2 Kings 2:11သူတို့သည်စကားပြောလျက်ဆက်လက်လျှောက် သွားကြစဉ် ရုတ်တရက်သူတို့နှစ်ယောက်၏စပ် ကြား၌ မီးမြင်းများကလျက်မီးလျှံထနေ သောရထားတစ်စီးပေါ်လာပြီးလျှင် ဧလိယ အားလေပွေဖြင့်ကောင်းကင်ဘုံသို့ဆောင်ယူ သွားလေ၏။-
Psalms 34:7ထာဝရဘုရားကိုကြောက်ရွံ့ရိုသေသူတို့ အား ကိုယ်တော်၏ကောင်းကင်တမန်သည်စောင့်ကြပ် ကြည့်ရှု၍ဘေးအန္တရာယ်မှကယ်ဆယ်တော်မူ၏။
Psalms 91:11သွားလေရာရာ၌သင့်ကိုစောင့်ရှောက်စေရန် ဘုရားသခင်သည်မိမိ၏ကောင်းကင်တမန် များကို တာဝန်ပေးအပ်တော်မူလိမ့်မည်။
Psalms 104:3မိုးမျက်နှာကျက်ရှိရေပြင်အထက်တွင်အိမ်တော်ကို တည်တော်မူပါ၏။ ကိုယ်တော်ရှင်သည်မိုးတိမ်တို့ကိုရထားသဖွယ်၊ လေကိုအတောင်များသဖွယ်စီးတော်မူ၏။
Psalms 125:2တောင်ရိုးတို့သည်ယေရုရှလင်မြို့ကိုဝန်းရံလျက် နေသကဲ့သို့ထာဝရဘုရားသည် ယခုမှစ၍ကာလအစဉ်အဆက်မိမိ၏ လူစုတော်ကိုဝန်းရံလျက်နေတော်မူ၏။