1 ဓမ္မရာဇဝင်တတိယစောင် 6:26
ဣသရေလဘုရင်သည်မြို့ရိုးပေါ်တွင်လမ်းလျှောက် သွားစဉ် အမျိုးသမီးတစ်ယောက်က``အရှင်မင်း ကြီး၊ ကျွန်တော်မအားကယ်တော်မူပါ'' ဟုဟစ် အော်လေသည်။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 6
Cross References
Genesis 41:55အီဂျစ်ပြည်သားတို့သည်အစာခေါင်းပါး ခြင်းဒဏ်ကိုခံရကြသောအခါ ဖာရောဘုရင် အားရိက္ခာပေးရန်တောင်းဆိုကြ၏။ ထိုအခါ ဖာရောဘုရင်က``ယောသပ်ထံသို့သွားကြ။ သူပြောသည့်အတိုင်းပြုကြလော့''ဟုမိန့် တော်မူလေ၏။-
Isaiah 10:3သင်တို့အားဘုရားသခင်အပြစ်ဒဏ်ခတ် တော်မူသောအခါ သင်တို့အဘယ်သို့ပြု ကြပါမည်နည်း။ ကိုယ်တော်သည်သင်တို့အား ရပ်ဝေးဒေသမှဘေးအန္တရာယ်ဆိုးနှင့်တွေ့ ကြုံစေတော်မူသောအခါ၊ သင်တို့အဘယ် သို့ပြုကြပါမည်နည်း။ အကူအညီတောင်း ခံရန်အဘယ်သူထံသို့ပြေးကြပါမည်နည်း။ မိမိတို့၏စည်းစိမ်ဥစ္စာများကိုအဘယ်မှာ သိုဝှက်ထားကြပါမည်နည်း။-
Acts 21:28သူတို့က ``ဣသရေလအမျိုးသားတို့၊ ကူညီ ကြပါ။ ဤသူသည်အရပ်တကာသို့သွား၍ ငါ တို့အမျိုးသားတို့ကိုလည်းကောင်း၊ ဤဗိမာန် တော်ကိုလည်းကောင်းပြစ်တင်ရှုတ်ချကာ လူ အပေါင်းတို့အားဟောပြောသွန်သင်သူဖြစ်၏။ ထိုမျှမကယခုသူသည်ဂရိအမျိုးသား တို့ကို ဗိမာန်တော်ထဲသို့ခေါ်ဆောင်လာပြီး လျှင် ဤမြင့်မြတ်သန့်ရှင်းသည့်ဌာနတော် ကိုညစ်ညမ်းစေပါ၏'' ဟုဟစ်အော်ကြ၏။-