Isaiah 10:3
သင်တို့အားဘုရားသခင်အပြစ်ဒဏ်ခတ် တော်မူသောအခါ သင်တို့အဘယ်သို့ပြု ကြပါမည်နည်း။ ကိုယ်တော်သည်သင်တို့အား ရပ်ဝေးဒေသမှဘေးအန္တရာယ်ဆိုးနှင့်တွေ့ ကြုံစေတော်မူသောအခါ၊ သင်တို့အဘယ် သို့ပြုကြပါမည်နည်း။ အကူအညီတောင်း ခံရန်အဘယ်သူထံသို့ပြေးကြပါမည်နည်း။ မိမိတို့၏စည်းစိမ်ဥစ္စာများကိုအဘယ်မှာ သိုဝှက်ထားကြပါမည်နည်း။-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 28:49ထာဝရဘုရားသည်သင်တို့ကိုတိုက်ခိုက် စေရန် သင်တို့နှင့်ဘာသာစကားချင်းမတူ သောကမ္ဘာတစ်စွန်းမှ လူမျိုးတစ်မျိုးကိုခေါ် ဆောင်ခဲ့တော်မူလိမ့်မည်။ ထိုသူတို့သည် လင်းယုန်ထိုးသုတ်သကဲ့သို့ သင်တို့ကို တိုက်ခိုက်လိမ့်မည်။-
2 Kings 7:15သူတို့သည်ယော်ဒန်မြစ်တိုင်အောင်သွားရောက် ကြရာ ရှုရိအမျိုးသားတို့ထွက်ပြေးစဉ်အခါ က စွန့်ထားခဲ့သည့်အဝတ်အစားများနှင့်လက် နက်ပစ္စည်းများကို လမ်းတစ်လျှောက်လုံးတွင်တွေ့ မြင်ရကြ၏။ ထိုနောက်သူတို့သည်မင်းကြီး ထံပြန်၍အစီရင်ခံကြ၏။-
Psalms 49:16လူတစ်စုံတစ်ယောက်သည်ချမ်းသာကြွယ်ဝကာ သူ၏စည်းစိမ်ဥစ္စာသည်လည်းပို၍ပင် တိုးပွားလာသောအခါသင်သည် စိတ်မကောင်းမဖြစ်နှင့်။
Isaiah 2:20ထိုနေ့ရက်ကာလရောက်သောအခါလူတို့သည် မိမိတို့သွန်းလုပ်ထားသည့်ရွှေ၊ ငွေရုပ်တုများ ကိုပွေးကောင်နှင့်လင်းနို့တို့၏အကြားတွင် စွန့်ပစ်၍ထားကြလိမ့်မည်။-
Isaiah 5:26ထာဝရဘုရားသည်အချက်ပြ၍ရပ်ဝေး နေလူမျိုးခြားတို့အားခေါ်ယူတော်မူလိမ့် မည်။ ကိုယ်တော်သည်သူတို့အားကမ္ဘာမြေကြီး စွန်းမှလာရောက်ကြရန်လေချွန်သံဖြင့် အချက်ပေးတော်မူလိမ့်မည်။ ထိုသူတို့သည် လည်းဤအရပ်သို့အလျင်အမြန်လာ ရောက်ကြလိမ့်မည်။-
Isaiah 26:21ထာဝရဘုရားသည်ကမ္ဘာသူကမ္ဘာသားတို့ အားအပြစ်ဒဏ်ခတ်ရန်ကြွလာတော်မူလိမ့် မည်။ ကမ္ဘာမြေကြီးပေါ်တွင်လျှို့ဝှက်ကူးလွန် ထားသည့်လူသတ်မှုများသည်ပေါ်လွင်ထင် ရှား၍လာလိမ့်မည်။ အသတ်ခံရသူတို့အား မြေကြီးသည်ဖုံးကွယ်ထားတော့မည်မဟုတ်။