1 ဓမ္မရာဇဝင်တတိယစောင် 7:15
သူတို့သည်ယော်ဒန်မြစ်တိုင်အောင်သွားရောက် ကြရာ ရှုရိအမျိုးသားတို့ထွက်ပြေးစဉ်အခါ က စွန့်ထားခဲ့သည့်အဝတ်အစားများနှင့်လက် နက်ပစ္စည်းများကို လမ်းတစ်လျှောက်လုံးတွင်တွေ့ မြင်ရကြ၏။ ထိုနောက်သူတို့သည်မင်းကြီး ထံပြန်၍အစီရင်ခံကြ၏။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 7
Cross References
Esther 1:7မင်းကြီးသည်စပျစ်ရည်ကိုရွှေဖလားများ နှင့်ထည့်၍တိုက်စေတော်မူ၏။ ထိုဖလားတို့ သည်တစ်ခုနှင့်တစ်ခုဆင်သည်ဟူ၍မရှိ ပေ။ စပျစ်ရည်ကိုရက်ရောစွာတိုက်စေတော် မူ၏။-
Ecclesiastes 3:6ဆည်းဖူးရသောအချိန်နှင့် ဥစ္စာပျောက်ရသော အချိန်လည်းရှိ၏။ သိုထားရသောအချိန်နှင့် ပစ်လိုက် ရသောအချိန်လည်းရှိ၏။
Isaiah 10:3သင်တို့အားဘုရားသခင်အပြစ်ဒဏ်ခတ် တော်မူသောအခါ သင်တို့အဘယ်သို့ပြု ကြပါမည်နည်း။ ကိုယ်တော်သည်သင်တို့အား ရပ်ဝေးဒေသမှဘေးအန္တရာယ်ဆိုးနှင့်တွေ့ ကြုံစေတော်မူသောအခါ၊ သင်တို့အဘယ် သို့ပြုကြပါမည်နည်း။ အကူအညီတောင်း ခံရန်အဘယ်သူထံသို့ပြေးကြပါမည်နည်း။ မိမိတို့၏စည်းစိမ်ဥစ္စာများကိုအဘယ်မှာ သိုဝှက်ထားကြပါမည်နည်း။-
Isaiah 31:7သင်တို့အားလုံးပင်မိမိတို့သွန်းလုပ်ထား သောညစ်ညမ်းသည့်ရွှေ၊ ငွေရုပ်တုများကိုပစ် ထုတ်လိုက်မည့်အချိန်ကာလကျရောက်လာ လိမ့်မည်။-
Matthew 16:26လူသည်လောကတစ်ခုလုံးကိုအစိုးရသော်လည်း မိမိ၏အသက်ဆုံးရှုံးလျှင်အဘယ်အကျိုးရှိ မည်နည်း။ မိမိ၏အသက်ကိုအဘယ်အရာနှင့် လဲလှယ်နိုင်မည်နည်း။-
Philippians 3:7သို့ရာတွင်ထိုအရာများသည်ငါ့အတွက်အမြတ်ဟု မှတ်ယူနိုင်သော်လည်း ယခုအခါခရစ်တော်၏အတွက် ကြောင့်အရှုံးဟုမှတ်ယူ၏။-