1 ဓမ္မရာဇဝင်တတိယစောင် 8:9
ထို့ကြောင့်ဟာဇေလသည်ဒမာသက်မြို့မှ ထွက်သော အဖိုးတန်ပစ္စည်းတို့ကိုကုလား အုတ်လေးဆယ်ဖြင့်တင်၍ ဧလိရှဲထံသို့ သွားပြီးနောက်``အရှင်၏အစေခံဗင်္ဟာဒဒ် မင်းက မိမိပြန်လည်ကျန်းမာလာမည် မလာမည်ကိုအရှင့်ထံစုံစမ်းမေးမြန်းရန် အကျွန်ုပ်အားစေလွှတ်လိုက်ပါသည်'' ဟု လျှောက်၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 8
Cross References
1 Samuel 25:8ဤအကြောင်းကိုသိုးထိန်းတို့အားမေးမြန်း လျှင်သင်သိရှိနိုင်ပါလိမ့်မည်။ ကျွန်တော်တို့ သည်ဤပွဲနေ့၌ဤအရပ်သို့လာပါပြီ။ ဒါဝိဒ်ကကျွန်တော်တို့အားကြိုဆိုဧည့်ခံ ပါရန်ပန်ကြားလိုက်ပါ၏။ သင်၏အစေခံ ကျွန်တော်တို့အားလည်းကောင်း၊ သင်၏မိတ် ဆွေဒါဝိဒ်အားလည်းကောင်းသင်ပေးနိုင် သည့်အရာကိုကျေးဇူးပြု၍ပေးပါလော့။'
1 Kings 19:15ထာဝရဘုရားက``သင်သည်ဒမာသက်မြို့အနီး တောကန္တာရသို့ပြန်သွားပြီးနောက် ထိုမြို့သို့ဝင် ၍ဟာဇေလအားရှုရိဘုရင်အဖြစ်ဘိသိက် ပေးလော့။-
2 Kings 5:5မင်းကြီးက``ဣသရေလဘုရင်ထံသို့သွား၍ဤ စာကိုပေးလော့'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍နေမန် သည်ငွေသားသုံးသောင်း၊ ရွှေသားခြောက်ထောင်နှင့် ဝတ်စားတန်ဆာဆယ်စုံကိုယူ၍ထွက်ခွာသွား လေသည်။-
2 Kings 6:21ဣသရေလဘုရင်သည်ရှရိအမျိုးသားတို့ ကိုတွေ့သောအခါ ဧလိရှဲအား``အရှင်၊ သူတို့ အားသတ်ရပါမည်လော။ သူတို့အားသတ်ရ ပါမည်လော'' ဟုမေးတော်မူ၏။
2 Kings 16:7အာခတ်မင်းသည်အာရှုရိဧကရာဇ်ဘုရင် တိဂလတ်ပိလေသာထံသို့``အကျွန်ုပ်သည် အရှင်၏သစ္စာတော်ခံ၊ အစေခံတစ်ဦးဖြစ် ပါ၏။ အကျွန်ုပ်တို့ကိုတိုက်ခိုက်လျက်နေသူ ရှုရိဘုရင်နှင့် ဣသရေလဘုရင်တို့လက်မှ ကယ်တော်မူပါ'' ဟုသဝဏ်လွှာရေး၍သံ တမန်များစေလွှတ်ပေးပို့လိုက်၏။-
Philemon 1:14သို့ရာတွင်သင်၏သဘောတူညီချက်မရရှိ ဘဲအဘယ်အမှုကိုမျှငါမပြုလိုပါ။ ငါ့ကို ကူညီမစစေရန်သင့်အားအနိုင်အထက် မပြုလိုပါ။ သင်၏စေတနာအလျောက်သာ လျှင်မစစေလိုပါ၏။