1 ဓမ္မရာဇဝင်တတိယစောင် 9:11
ယေဟုသည်မိမိ၏အဖော်တပ်မှူးများထံ သို့ပြန်လာသောအခါ ထိုသူတို့က``အစစ အရာရာအဆင်ပြေပါ၏လော။ ထိုသူရူး သည်အဘယ်ကိစ္စနှင့်သင့်ထံသို့လာပါ သနည်း'' ဟုမေးကြ၏။ ယေဟုက``သူ၏ကိစ္စကိုသင်တို့သိပါ၏'' ဟု ဖြေ၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 9
Cross References
2 Kings 5:21နေမန်၏နောက်သို့လိုက်လေ၏။ နေမန်သည်မိမိ ၏နောက်သို့လူတစ်ယောက်လိုက်လာသည်ကိုမြင် သောအခါ ထိုသူနှင့်တွေ့ဆုံရန်ရထားပေါ်မှ ဆင်း၍``အရေးကိစ္စတစ်စုံတစ်ရာရှိပါသလော'' ဟုမေး၏။
2 Kings 9:17ယေဇရေလမြို့မျှော်စင်ပေါ်တွင်တာဝန်ကျ သောကင်းစောင့်သည် ယေဟုနှင့်သူ၏လူစု တို့ချဉ်းကပ်လာနေသည်ကိုမြင်လျှင်``မြင်း စီးသူလူအချို့လာနေသည်ကိုမြင်ပါသည်'' ဟုဟစ်အော်၏။ ယောရံက``ထိုသူတို့သည်မိတ်ဆွေများသို့ မဟုတ်ရန်သူများဖြစ်သည်ကို သိရှိနိုင်ရန် မြင်းစီးသူရဲတစ်ယောက်ကိုစေလွှတ်စုံစမ်း လော့'' ဟုအမိန့်ပေးတော်မူ၏။
2 Kings 9:22ယောရံက``သင်သည်ငြိမ်းချမ်းစွာလာ သလော'' ဟုမေးတော်မူ၏။ ယေဟုက``သင်၏မိခင်ယေဇဗေလစတင် ကျင့်သုံးခဲ့သည့် စုန်းအတတ်နှင့်ရုပ်တုကိုး ကွယ်မှုရှိနေသမျှကာလပတ်လုံး အဘယ် မှာငြိမ်းချမ်းမှုရှိနိုင်ပါမည်နည်း'' ဟုဆို၏။
Jeremiah 29:26``ထာဝရဘုရားသည်သင့်အားယောယဒ နေရာတွင် ယဇ်ပုရောဟိတ်အဖြစ်ခန့်ထားသည် ဖြစ်၍ ယခုသင်သည်ဗိမာန်တော်အုပ်ချုပ်ရေး မှူးဖြစ်၍လာလေပြီ။ ပရောဖက်ဟန်ဆောင် သည့်သူရူးမှန်သမျှကို သံပတ်တပ်၍သံကြိုး နှင့်ချည်နှောင်ထားရန်အလုပ်မှာသင်၏တာဝန် ပင်ဖြစ်ပေသည်။-
Mark 3:21လူအချို့တို့က ``ကိုယ်တော်သည်စိတ်ဖောက်ပြန် သွားပြီ'' ဟုပြောဆိုနေကြ၏။ ဤအကြောင်းကို ကိုယ်တော်၏မိသားစုတို့ကြားကြလျှင် ကိုယ်တော် ကိုစောင့်ရှောက်ရန်အထံတော်သို့လိုက်လာကြ၏။
Acts 17:18ဧပိကုရုနှင့်သတောအိပ်ဟုခေါ်သော အတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့်အချေအတင်ဆွေးနွေးကြ၏။ ထို သူအချို့တို့က ``ဤစကားအိုးသည်အဘယ် အရာကိုပြောဆိုနေပါသနည်း'' ဟုဆိုကြ၏။ အခြားသူများက ``သူသည်လူမျိုးခြားတို့၏ နတ်ဘုရားများအကြောင်းကို ပြောဆိုနေဟန် တူ၏'' ဟုဆိုကြ၏။ ထိုသူတို့ဤသို့ပြောကြ ခြင်းမှာပေါလုသည်သခင်ယေရှုအကြောင်း နှင့် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းအကြောင်း တို့ကိုဟောပြောနေသောကြောင့်ဖြစ်၏။-