1 ဓမ္မရာဇဝင်တတိယစောင် 9:17
ယေဇရေလမြို့မျှော်စင်ပေါ်တွင်တာဝန်ကျ သောကင်းစောင့်သည် ယေဟုနှင့်သူ၏လူစု တို့ချဉ်းကပ်လာနေသည်ကိုမြင်လျှင်``မြင်း စီးသူလူအချို့လာနေသည်ကိုမြင်ပါသည်'' ဟုဟစ်အော်၏။ ယောရံက``ထိုသူတို့သည်မိတ်ဆွေများသို့ မဟုတ်ရန်သူများဖြစ်သည်ကို သိရှိနိုင်ရန် မြင်းစီးသူရဲတစ်ယောက်ကိုစေလွှတ်စုံစမ်း လော့'' ဟုအမိန့်ပေးတော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 9
Cross References
1 Samuel 16:4ရှမွေလသည်ထာဝရဘုရား၏အမိန့်တော် အတိုင်း ဆောင်ရွက်ပြီးနောက်ဗက်လင်မြို့သို့ သွား၏။ ထိုမြို့မှခေါင်းဆောင်များသည်တုန် လှုပ်လျက်ခရီးဦးကြိုပြုပြီးလျှင်``ကိုယ် တော်အေးချမ်းစွာကြွလာပါသလော'' ဟု မေးကြ၏။
2 Samuel 13:34ဤအတောအတွင်း၌အဗရှလုံသည်ထွက် ပြေးလေ၏။ ထိုနောက်မကြာမီကင်းစောင့်တာ ဝန်ကျသောတပ်သားသည်ဟောရောနိမ်မြို့ လမ်းတောင်ကုန်းပေါ်မှလူအချို့ဆင်းလာ သည်ကိုတွေ့သဖြင့်ဘုရင့်ထံသို့သွား ၍``ဟောရောနိမ်လမ်းတောင်ကုန်းပေါ်မှလူ အချို့တို့ဆင်းလာနေကြပါသည်'' ဟု လျှောက်၏။-
1 Kings 2:15အဒေါနိယက``အကျွန်ုပ်သည်ဘုရင်ဖြစ် သင့်သည်။ ယင်းသို့ဖြစ်လိမ့်မည်ဟုလည်း ဣသရေလအမျိုးသားတိုင်းမျှော်လင့်ခဲ့ သည်ကိုမယ်တော်သိပါ၏။ သို့ရာတွင် ထာဝရဘုရား၏အလိုတော်အရ အကျွန်ုပ် သည်ဘုရင်မဖြစ်ဘဲအကျွန်ုပ်၏ညီတော် ကဘုရင်ဖြစ်လာပါ၏။-
2 Kings 9:19မင်းကြီးသည်အခြားစေတမန်တစ်ယောက် ကိုလွှတ်ပြန်၏။ သူသည်လည်းရှေးနည်းတူ ယေဟုအားမေး၏။ ယေဟုက``ဤကိစ္စသည် သင်နှင့်မသက်ဆိုင်။ ငါ့နောက်မှလိုက်လော့'' ဟုဆိုပြန်၏။
Isaiah 21:11ဤဗျာဒိတ်တော်သည်ဧဒုံပြည်နှင့်သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ ဧဒုံပြည်မှလူတစ်ယောက်ကငါအား``အို ကင်းစောင့်၊ ညဥ့်ယံကုန်ဆုံးရန်အဘယ်မျှ ကြာပါဦးမည်နည်း။ အဘယ်အခါ၌ကုန် ဆုံးမည်ကိုငါ့အားပြောပါလော့'' ဟုအော် ဟစ်မေးမြန်း၏။
Isaiah 62:6အို ယေရုရှလင်မြို့၊ငါသည်သင်၏မြို့ရိုးများ ပေါ်တွင် အစောင့်တပ်သားများကိုချထား၏။ သူတို့သည်နေ့ရောညဥ့်ပါအခါခပ်သိမ်း ဆိတ်ဆိတ်နေရကြလိမ့်မည်မဟုတ်။ သူတို့သည်ထာဝရဘုရားအား မိမိ၏ကတိတော်များကိုအောက်မေ့ သတိရအောင် ပြုရကြမည်။ အဘယ်အခါ၌မျှမမေ့လျော့စေရန် သတိပေးရကြမည်။