1 ဓမ္မရာဇဝင်တတိယစောင် 9:20
ထိုစေတမန်သည်ယေဟုတို့လူစုထံသို့ ရောက်ရှိသွားသော်လည်း ပြန်မလာဘဲနေ သည်ကိုကင်းစောင့်သည်နောက်တစ်ကြိမ်အစီ ရင်ခံပြန်၏။ ထိုနောက်သူသည်ဆက်လက်၍``ထို လူစု၏ခေါင်းဆောင်သည် မိမိစစ်ရထားကို ယေဟုမောင်းနှင်သကဲ့သို့ပင် သူရူးသဖွယ် အပြင်းမောင်းနှင်လာပါသည်'' ဟုလျှောက် ထား၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 9
Cross References
2 Samuel 18:27ကင်းစောင့်က``ပထမလူပြေးပုံမှာအဟိ မတ်ပြေးပုံနှင့်တူပါသည်'' ဟုလျှောက်လျှင်၊ မင်းကြီးက``သူသည်လူကောင်းဖြစ်၍ သတင်းကောင်းကိုယူဆောင်လာလိမ့်မည်'' ဟုမိန့်တော်မူ၏။
2 Kings 9:2နိမ်ရှိ၏မြေး၊ ယေဟောရှဖတ်၏သားယေဟု ကိုရှာလော့။ သူ့ကိုအဖော်များရှိရာမှဝေး ရာဆိတ်ကွယ်သည့်အခန်းသို့ခေါ်ပြီးလျှင်၊-
Ecclesiastes 9:10ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။
Daniel 11:44ထိုနောက်သူသည်အရှေ့မျက်နှာအရပ် နှင့်မြောက်မျက်နှာအရပ်တို့မှရောက်ရှိ လာသောသတင်းများကြောင့် ထိတ်လန့်၍ ပြင်းထန်စွာတိုက်ခိုက်သဖြင့်လူအမြောက် အမြားကိုဆုံးပါးစေလိမ့်မည်။-