ရှင်ပေတရုဩဝါဒစာဒုတိယစောင် 2:19
သူတို့သည်ထိုသူတို့အားလွတ်လပ်မှုကို ကတိပေးခဲ့သော်လည်း မိမိတို့ကိုယ်တိုင် ပင်လျှင်ပျက်စီးစေမည့်အကျင့်များ၏ ကျွန်ဖြစ်နေကြ၏။ အဘယ်ကြောင့်ဆိုသော် လူသည် မိမိအားစိုးမိုးသည့်အရာဟူ သမျှ၏ကျွန်ဖြစ်သောကြောင့်တည်း။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ပေတရုဩဝါဒစာဒုတိယစောင် 2
Cross References
Leviticus 13:8ယဇ်ပုရောဟိတ်သည်သူ၏အနာကိုထပ်မံ စစ်ဆေး၍အနာပြန့်ပွားလျက်ရှိကြောင်း တွေ့ရလျှင် ထိုအနာသည်ဆိုးရွားသောကိုယ် ရေပြားရောဂါဖြစ်သောကြောင့် ထိုသူအား မသန့်ရှင်းသူဟူ၍အဆုံးအဖြတ်ပေး ရမည်။
Jeremiah 23:9ပရောဖက်များနှင့်သက်ဆိုင်၍ဤသို့ဆို၏။ ငါ၏စိတ်နှလုံးသည်ကြေကွဲလျက်ငါ၏ အရိုးတို့သည်တုန်လှုပ်လျက်ရှိ၏။ ထာဝရဘုရား၏အတွက်ကြောင့်လည်း ကောင်း၊ ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သည့် ဗျာဒိတ်တော်များကြောင့်လည်းကောင်း ငါသည်စပျစ်ရည်သောက်ကြူး၍ ယစ်မူးလျက်နေသူနှင့်တူတော့၏။
Romans 6:12ထို့ကြောင့်သင်တို့သည် မိမိတို့ကိုယ်ခန္ဓာ၏ အလိုဆန္ဒသို့မလိုက်စေရန်အပြစ်တရား က သင်တို့၏သေတတ်သောကိုယ်ခန္ဓာကိုအစိုး မရစေနှင့်။-
Galatians 5:1ခရစ်တော်သည်ငါတို့အား ကျွန်ဘဝမှလွတ် မြောက်စေတော်မူပြီဖြစ်၍ ငါတို့သည်ကျွန် မဟုတ်ကြ။ သို့ဖြစ်၍လွတ်လပ်သူများအဖြစ် နှင့်ရပ်တည်ကြလော့။ နောက်တစ်ဖန်ကျွန်မဖြစ် ကြနှင့်။
2 Timothy 2:26ထိုအခါသူတို့သည်အမြင်မှန်ရရှိလာပြီးလျှင် မာရ်နတ်၏ကျော့ကွင်းမှလွတ်မြောက်ကြလိမ့်မည်။ မာရ်နတ်သည်မိမိအလိုအတိုင်းလိုက်နာစေရန် သူတို့အားဖမ်းဆီးထားခဲ့ပေသည်။
1 Peter 2:16သင်တို့သည်လွတ်လပ်သူများအနေဖြင့်ပြုမူ နေထိုင်ကြလော့။ သို့ရာတွင်ဆိုးညစ်မှု၊ တစ်စုံ တစ်ရာကိုဖုံးကွယ်ရန်အတွက်မိမိတို့၏ လွတ်လပ်မှုကိုအသုံးမပြုကြနှင့်။ သို့ရာ တွင်သင်တို့သည်ဘုရားသခင်၏ကျွန်များ အဖြစ်ဖြင့်ပြုမူနေထိုင်ကြလော့။-