ရှင်ပေတရုဩဝါဒစာဒုတိယစောင် 2:6
ဘုရားသခင်သည်သောဒုံနှင့်ဂေါမောရမြို့ တို့ကိုမီးလောင်ကျွမ်းစေသောအားဖြင့်အပြစ် ဒဏ်စီရင်တော်မူ၏။ ဤနည်းအားဖြင့်ကိုယ်တော် သည်နောင်အခါတွင် ဆိုးသွမ်းယုတ်မာသူတို့ မည်ကဲ့သို့အပြစ်ဒဏ်ခံရမည်ကိုနမူနာ အဖြစ်ပြတော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ပေတရုဩဝါဒစာဒုတိယစောင် 2
Cross References
Genesis 19:28သူသည်သောဒုံမြို့၊ ဂေါမောရမြို့နှင့်ချိုင့်ဝှမ်းတစ်လျှောက်လုံးကိုလှမ်းကြည့်လိုက်ရာ မီးဖိုကြီးတစ်ခုမှမီးခိုးတက်သကဲ့သို့ မြေပြင်မှအခိုးတက်လျက်ရှိသည်ကိုမြင်ရလေသည်။-
Deuteronomy 29:23လယ်မြေများတွင်ကန့်နှင့်ဆားပေါက်စေ သဖြင့် တောကန္တာရအတိဖြစ်လိမ့်မည်။ မည် သည့်အပင်ကိုမျှစိုက်ပျိုး၍မရ။ ပေါင်း ပင်များပင်လျှင်မပေါက်နိုင်။ သင်တို့ပြည် သည်ထာဝရဘုရားပြင်းစွာအမျက် ထွက်၍ ဖျက်ဆီးခဲ့သောသောဒုံနှင့်ဂေါ မောရမြို့၊ အာဒမာမြို့နှင့်ဇေဘိုင်မြို့ များကဲ့သို့ပျက်စီးလိမ့်မည်။-
Jeremiah 50:40သောဒုံမြို့၊ ဂေါမောရမြို့နှင့်နီးနားဝန်းကျင် ကျေးရွာများသည် ငါ၏ဖျက်ဆီးခြင်းကိုခံခဲ့ ရသည့်နည်းတူ ဗာဗုလုန်မြို့သည်လည်းခံရ လိမ့်မည်။ ကာလအနည်းငယ်မျှပင်လျှင်ထို မြို့တွင်နေထိုင်သူတစ်ဦးတစ်ယောက်မျှရှိ လိမ့်မည်မဟုတ်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏။
Hosea 11:8``အို ဣသရေလငါသည်သင့်ကိုအဘယ်သို့ ပစ်ပယ်နိုင်မည်နည်း။ ငါသည်သင့်ကိုအဘယ်သို့ စွန့်ပစ်နိုင်မည်နည်း။ ငါသည်အာဒမာမြို့ကိုဖျက်ဆီးသကဲ့သို့ လည်းကောင်း၊ ဇေဘိုင်မြို့ကိုပျက်သုဉ်းစေသကဲ့သို့လည်း ကောင်း၊ သင့်ကိုအဘယ်သို့သုတ်သင်ဖျက်ဆီးနိုင်မည် နည်း။ သင်တို့အပေါ်၌ငါ့မေတ္တာကရုဏာသည် ကြီးမားလှသောကြောင့်၊ ငါ၏စိတ်နှလုံးသည်ထိုသို့မပြုရက်နိုင်။
Zephaniah 2:9ငါသည်ဧကန်အမှန်ဣသရေလအမျိုး သားတို့၏အသက်ရှင်တော်မူသောဘုရား ဖြစ်တော်မူသည်အတိုင်း မောဘပြည်နှင့် အမ္မုန်ပြည်သည်သောဒုံနှင့်ဂေါမောရမြို့ တို့ကဲ့သို့သုတ်သင်ဖျက်ဆီးခြင်းခံရလိမ့် မည်ဖြစ်ကြောင်းကျိန်ဆိုဖော်ပြပါ၏။ ထို ပြည်တို့သည်ဆားမြေတူးရာအရပ်ဖြစ် လျက် ထာဝရယိုယွင်းပျက်စီးကာပေါင်း ပင်များနှင့်ဖုံးလွှမ်း၍နေလိမ့်မည်။ ငါ၏ လူမျိုးတော်အနက်မှအသက်မသေဘဲ ကျန်ရှိနေသူတို့သည် ထိုသူတို့ကိုတိုက် ခိုက်လုယက်ကာသူတို့၏ပြည်ကိုသိမ်း ယူကြလိမ့်မည်။
1 Corinthians 10:11ထိုသူတို့၌ဤသို့ဖြစ်ပျက်ရခြင်းမှာ အခြား သူတို့သင်ခန်းစာရရှိကြစေရန်ဖြစ်ပေသည်။ ငါတို့သည်ကပ်ကမ္ဘာကုန်ဆုံးရန်နီးချိန်၌ အသက်ရှင်ရကြသူများဖြစ်သောကြောင့် ငါ တို့အားသတိပေးသည့်အနေဖြင့်ထိုအကြောင်း အရာများကိုကျမ်းစာတော်တွင်ရေးသားထား သတည်း။