ရှင်ပေတရုဩဝါဒစာဒုတိယစောင် 3:7
သို့ရာတွင်ဘုရားသခင်သည်ယခုလက်ရှိ မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုမီးဖြင့် ဖျက်ဆီးရာနေ့တိုင်အောင် ထိုအမိန့်တော် အားဖြင့်ပင်လျှင်ဆက်လက်တည်ရှိစေ တော်မူပေသည်။ ထိုနေ့၌ဘုရားတရား မဲ့သောသူတို့သည်တရားစီရင်ဖျက်ဆီး ခြင်းကိုခံရကြလိမ့်မည်။
Common Language Bible
In The King James Version
In Context
Read all of ရှင်ပေတရုဩဝါဒစာဒုတိယစောင် 3
Cross References
Psalms 102:26ထိုအရာအားလုံးသည်ကွယ်ပျောက်သွား ကြမည်ဖြစ်သော်လည်း ကိုယ်တော်ရှင်မူကားရှိနေတော်မူမည်ဖြစ်ပါ၏။ ထိုအရာအပေါင်းတို့သည်အဝတ်အထည်များ ကဲ့သို့ ဟောင်းနွမ်းသွားကြပါလိမ့်မည်။ ကိုယ်တော်ရှင်သည်အဝတ်လဲသကဲ့သို့ လဲတော်မူသဖြင့် ထိုအရာတို့သည်ပြောင်းလဲကွယ်ပျောက် သွားကြပါလိမ့်မည်။
Zephaniah 3:8ထာဝရဘုရားက``စောင့်မျှော်၍နေလော့။ လူ မျိုးတကာတို့အားငါထ၍ပြစ်တင်စွပ်စွဲ မည့်နေ့ရက်ကာလကိုစောင့်မျှော်၍နေလော့။ ငါ၏အမျက်တော်အရှိန်ကိုခံစားစိမ့် သောငှာ၊ လူမျိုးတကာနှင့်နိုင်ငံတကာ ကိုစုသိမ်းရန်ငါသန္နိဋ္ဌာန်ချမှတ်ထားလေ ပြီ။ ကမ္ဘာမြေကြီးတစ်ခုလုံးသည်ငါ၏ အမျက်တော်မီးဖြင့်ကျွမ်းလောင်ပျက်စီး ၍သွားလိမ့်မည်။
Matthew 11:22သို့ရာတွင်တရားစီရင်တော်မူရာနေ့၌ သင်တို့သည် တုရုနှင့်ဇိဒုံမြို့တို့ထက်ပို၍အပြစ်ဒဏ်ခံရကြ ပေအံ့။-
Matthew 12:36``သင်တို့အားငါဆိုသည်ကားတရားစီရင်တော် မူရာနေ့၌လူတို့သည်မိမိတို့အကျိုးမဲ့ပြောဆို သောစကားများအတွက်စစ်ဆေးစီရင်ခြင်းကို ခံရကြလတ္တံ့။-
Matthew 25:41``ထိုနောက်ဘုရင်မင်းမြတ်ကလက်ဝဲတော်ဘက် ၌ရှိသောသူတို့အား `အမင်္ဂလာရှိသူတို့၊ ငါ့ထံ မှထွက်သွားကြလော့။ မာရ်နတ်နှင့်သူ့စေတမန် များအတွက်ပြင်ဆင်ထားသည့်ထာဝရမီး ထဲသို့သက်ဆင်းကြလော့။-
Romans 2:5သို့သော်လည်းသင်သည်ခေါင်းမာလျက် နောင်တမရ။ ထို့ကြောင့်အမျက်တော်ပေါ် လွင်ထင်ရှားရာ၊ ဖြောင့်မှန်စွာတရားစီရင် ရာနေ့ရက်၌သင်သည်ပိုမိုကြီးလေးသော အပြစ်ဒဏ်ကိုခံရလိမ့်မည်။-